ဝက်လက်မြို့၌ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရဆောင်ရွက်နေသည့် မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၁၆ဝဝ အောင်မြင်

ဝက်လက်မြို့၌ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရဆောင်ရွက်နေသည့် မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၁၆ဝဝ အောင်မြင်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် COVDI-19 စီးပွား ရေးကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်ဆောင်ရွက်နေသည့် မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၁၆ဝဝ တွင် ပိုးမွှားကျရောက်မှုသက်သာကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ် မိုးစပါးရာသီစိုက်ပျိုးထားရှိသော ဧရာမင်း မိုးစပါးဧက(၅ဝ)၊ ပေါ်ဆန်းရင်မိုးစပါး(၁၄၅ဝ)ဧက၊ ရက်(၉ဝ)မိုးစပါးဧက(၁ဝဝ) မျိုးစေ့ထုတ်စိုက်ဧကပေါင်း(၁၆ဝဝ)မှာ ပိုးမွှားကျရောက်မှုသက်သာကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

'ဝက်လက်မြို့နယ်ထဲမှာ COVDI-19 စီးပွားရေးကုစားမှု၊ (CERP)အစီအစဉ်အရမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွေမှာ အရင် နွေရာသီက သဖန်းဆိပ်ဆည်ရေ မပေးဝေနိုင်လို့နွေစပါးမစိုက်ပျိုးခဲ့ဘဲ နွေနှမ်းကိုသာ စိုက်ခဲ့ကြပါတယ်။ အဲဒီနောက် crop divercification သဟဇာတဖြစ်တဲ့ သီးနှံအမယ်စုံ စိုက်ပျိုးခဲ့တာကြောင့် အခုမှာ ပိုးမွှားရောဂါကျရောက်တာသက်သာခြင်းနဲ့ ပိုးမွှားလုံးဝမကျရောက်တဲ့ စိုက်ခင်းတွေလည်း တွေ့ရပါတယ်။ ဝက်လက်မြို့နယ်ထဲမှာ မိုးစပါးဧကပေါင်း ၁၃၉,ဝဝဝ လောက်စိုက်ပျိုးထားပါတယ်''ဟု ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်က ပြောသည်။

ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်နှင့်ဝန်ထမ်းများသည် နိုဝင်ဘာ ၂၈ ရက် နံနက်(၁ဝ)နာရီက ဘင်တဲကုန်းကျေးရွာတောင်သူဦးကျော်ဝေနှင့် ဦးတက်ထွန်းတို့စိုက်ပျိုးထားရှိသော မျိုးစေ့ထုတ်စပါးစိုက်ခင်းဧကများသို့ကွင်းဆင်းကြည့်ရှုရာ ယခုနှစ်မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှုမရှိကြောင်း၊ ဓာတုပိုးသတ်ဆေး လုံးဝမသုံးစွဲရကြောင်း ပိုးသတ်ဆေးဖိုးကုန်ကျမှု သက်သာကာ အထွက်နှုန်းကောင်းနိုင်ကြောင်း ကွင်းဆင်းတွေ့ရှိပြီး မိုးစပါးမျိုးစေ့ထုတ်စိုက်တောင်သူများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန်များ ဆွေးနွေးခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး