COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးထားရတာကြောင့် “Music Core” အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ Nancy

COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးထားရတာကြောင့် “Music Core” အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ Nancy

MOMOLAND အဖွဲ့ဝင် Nancy ဟာ နိုဝင်ဘာလ ၂၈ ရက်နေ့က MBC ရဲ့ “Music Core” အစီအစဉ်မှာ မပါဝင် နိုင်ခဲ့ပါဘူး။

MOMOLAND ရဲ့ အေဂျင်စီ MLD Entertainment က Nancy ဟာ COVID-19 ရောဂါပိုးရှိမရှိ ဆေးစစ်ထားရပြီး လက်ရှိမှာတော့ သီးသန့်ခွဲခြားနေထိုင်နေရကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

Nancy ဟာ ရောဂါပိုးရှိသူနဲ့ထိတွေ့ခဲ့မိတာကြောင့် အခုလိုဆေးစစ်ထားရတာဖြစ်ပြီး တခြားအနုပညာလှုပ်ရှားမှုတွေကို လည်း ရပ်ဆိုင်းထားရတာဖြစ်ပါတယ်။

ဆေးစစ်ချက်အဖြေသိရတာနဲ့တပြိုင်နက် ပရိသတ်တွေကိုအသိပေးသွား မယ်လို့လည်း အေဂျင်စီကပြောခဲ့ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး