သည်းထိတ်ရင်ဖိုဇာတ်ကားအသစ် “Mouse” မှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေကို အတည်ပြုကြေညာ

သည်းထိတ်ရင်ဖိုဇာတ်ကားအသစ် “Mouse” မှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေကို အတည်ပြုကြေညာ

tvN ရဲ့ “Mouse” လို့ ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေကို အတည်ပြု ကြေညာလိုက်ပြီဖြစ်ပါတယ်။

“Mouse” ကတော့ ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်း အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

မင်းသား Lee Seung Gi ကတော့ ဒီဇာတ်ကားမှာ ရဲအရာရှိတစ်ယောက် အနေနဲ့ပါဝင်ဖို့ အစကတည်းက သဘောတူညီထားခဲ့တာပါ။

Lee Hee Joon လည်း ပါဝင်လာမယ်လို့သိရပါ တယ်။ သူကတော့ ငယ်ရွယ်စဉ်တုန်းကမိဘတွေအသတ်ခံခဲ့ရပြီး အရွယ်ရောက်လာချိန်မှာ စုံထောက် တစ်ယောက် ဖြစ်လာခဲ့သူပါ။

Park Ju Hyun ကတော့ အဖွားဖြစ်သူနဲ့နှစ်ယောက်တည်း နေထိုင်နေရတဲ့ စီနီယာ အထက်တန်းကျောင်းသူအနေနဲ့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Kyung Soo Jin ကတော့ “Sherlock Hong Joo” လို့ လူသိများပြီး အရည်အချင်းရှိတဲ့ PD နေရာကနေ ပါဝင်လာမယ်လို့သိရပါတယ်။

Ahn Jae Wook ကို နာမည်ကြီးအာရုံကြောဆိုင်ရာဆရာဝန် Han Seo  Joon အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး Kim Jung Nan ကတော့ သူ့ရဲ့ဇနီးနေရာကနေ ပါဝင်ရမှာပါ။

Block B အဖွဲ့ဝင် P.O ကလည်း တက်သစ်စစုံထောက်အနေနဲ့ပါဝင်ဖို့ အစောကတည်းက သဘောတူထားပြီးဖြစ်ပါတယ်။

နာမည်ကြီးအနုပညာရှင်စုံစုံလင်လင်နဲ့ ရိုက်ကူးမယ့် “Mouse” ဇာတ်လမ်းတွဲကိုတော့ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်လောက်မှာ ကြည့်ရှုရဖွယ်ရှိပါတယ်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး