Horror Movie ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ “Final Destination” ရုပ်ရှင်တွေဟာ ငါးကားမြောက်အထိ ထွက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးထွက်ခဲ့တာဖြစ်ပါတယ်။
ရုပ်ရှင်သစ်ထပ်မထွက်လာတော့တာ ၉ နှစ်နီးပါး ကြာမြင့်လာချိန်မှာတော့ “Final Destination” ရဲ့ အမာခံပရိသတ်တစ်ယောက်က နောက်ထပ် “Final Destination” ရုပ်ရှင်တွေထပ်မကြည့်ရတော့ဘူးလို့ တွစ်တာမှာတင်လိုက်ချိန်မှာတော့ စာရေးဆရာ Jeffrey Reddick က “Final Destination” အဆုံးမသတ်သေးပါဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
နောက်ထပ် ထပ်ထွက်လာမယ့်ရုပ်ရှင်တွေက First Responder တွေဖြစ်တဲ့ မီးသတ်သမားတွေနဲ့ ရဲတွေလိုမျိုး ပြည်သူတွေ ကို ကယ်တင်မယ့်နိုင်ငံ့ဝန်ထမ်းတွေကို အခြေခံပြီးဇာတ်လမ်းဖန်တီးမယ်လို့သိရပါတယ်။
“Final Destination” ရဲ့ ခြောက်ကားမြောက်ရုပ်ရှင်ကိုတော့ ၂၀၂၂ ခုနှစ်မှာ တွေ့မြင်နိုင်ရချေရှိပါတယ်။
















