အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် နူဆာတင်ဂါရာပြည်နယ်တွင် မီးတောင် တစ်ခုပေါက်ကွဲမှုကြောင့် ပြာမှုန်များလွင့်စင်ကျလာပြီး မီးခိုးများမှာလည်း ကောင်းကင်ထက်သို့ ၄ ကီလိုမီတာအထိ မြင့်တက်နေခြင်းသည့်အတွက် ဒေ သခံပြည်သူ ၂၇၀၀ သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အင်ဒိုနီး ရှားသဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၉ ရက် ၌ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ရှားသက်ဝင်နေသော မီးတောင်အရေအ တွက် ၁၃၀ ဝန်းကျင်ရှိနေပြီး အခြားသော တိုင်းပြည်များထက် များပြားနေ ကြောင်းသိရသည်။
ပေါက်ကွဲမှု မဖြစ်မီတွင် ရက်သတ္တပတ်များစွာကပင် ပေါက်ကွဲမည့် အရိပ်အယောင်များစွာ ပြသခဲ့ကြောင်း သိရသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် ကီလိုမီတာ ၂၆၀၀ ဝန်းကျင်ရှိ ဒေသခံ ပြည်သူများမှာ ကြောက်လန့်တကြားဖြစ်ခဲ့ကြပြီး ကျေးရွာပေါင်း ၂၆ ရွာမှ ဒုက္ခသည် ၂၇၈၀ ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သဘာ၀ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို ခဲ့သည်။
သို့သော် လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှုနှင့် လူအသေအ ပျောက်စာရင်းကို အတိအကျ မသိရသေးပေ။
မီးတောင်ပေါက်ကွဲမှုအား ကိုယ်တိုင်မြင်တွေ့ခံစားခဲ့ရသော အသက် ၁၇ နှစ်အရွယ် မိုဟာမက်အီလ်ဟမ်၏ ပြောဆိုချက်အရ လက်ရှိတွင် ဒုက္ခ သည်များသည် ခိုလုံရန်နေရာနှင့် ငွေကြေးကိုသာ အဓိက လိုအပ်နေပြီဖြစ် ကြောင်း သိရသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် အနီးဒေသဝန်းကျင်များတွင် ချော်ရည် စီးဆင်းမှုများနှင့် ဓာတုအဆိပ်ငွေ့များ လေထဲတွင် ဖြစ်ပေါ်လာနိုင်ကြောင်း သက်ဆိုင်ရာက သတိပေးထုတ်ပြန်ထားသည်။

















