စီးပွားရေးနှင့်သက်ဆိုင်သော မူဝါဒများကို တာဝန်သိစိတ်ရှိစွာဖြင့် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုပ်သမားပါတီ မူဝါဒရေးရာ အစည်းအဝေးတစ်ခု၌ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က နိုဝင်ဘာ ၃၀ ရက်၌ ဖော် ပြခဲ့သည်။
နျူကလီးယားလက်နက်တိုးမြှင့်ထုတ်လုပ်မှုအား ရပ်တန့်သွားစေရန်အ တွက် ရည်ရွယ်၍ နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူပိတ်ဆို့မှုများ ချမှတ် ခံထားရသော မြောက်ကိုရီးယား၏ စီးပွားရေးသည် COVID-19 ကပ်ရောဂါ ကြောင့် ယခုနှစ်တွင် ခက်ခဲကျပ်တည်းလွန်းနေပြီဖြစ်သည့်အတွက် ကင်ဂျုံ အန်က အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်ကြောင်း KCNA က ဖော်ပြသည်။
စီးပွားရေးနှင့်ပတ်သက်ပြီး ချမှတ်ထားသည့် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အားနည်းချက်များစွာ ရှိခဲ့ခြင်းအပေါ် မူဝါဒ ရေးရာအဖွဲ့မှ အစည်းအဝေး၌ ဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။
ပါတီမှ ချမှတ်ထားသော စီးပွားရေးဆိုင်ရာမူဝါဒများအား သိပ္ပံနည်းကျ အခြေခံ၍ ဆောင်ရွက်ခြင်းနှင့် လေးလေးနက်နက် တာဝန်သိစိတ်တို့ဖြင့် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြသည်။
မြောက်ကိုရီးယားသည် လာမည့် ငါးနှစ်တာကာလမဟာ ဗျူဟာစီမံ ကိန်းများ မတိုင်မီကာလတွင် ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် ရက်ပေါင်း ၈၀ ကြာ စီမံချက်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်။

















