လူမည်းအမျိုးသားအားရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်လေးဦးကို စတင်စစ်ဆေး

လူမည်းအမျိုးသားအားရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်လေးဦးကို စတင်စစ်ဆေး

တေးဂီတထုတ်လုပ်သူ မီရှယ်ဇီကလာအား ကိုယ်ထိလက်ရောက် ကျူးလွန်ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် လေးဦးအား အကျဉ်းချထားပြီးဖြစ် ကာ တရားဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ် ကြောင်း ရိုက်တာသတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် ဖော်ပြချက်အရ သိရ သည်။ 

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို အချုပ်ခန်းအတွင်းထားရှိပြီး နှစ်ဦးကို တရားဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရိုက် တာက ဖော်ပြသည်။

ရဲတပ်ဖွဲ့ဝင်များအပေါ် တရားစွဲဆိုရန်အတွက် စွဲချက် တင်ရာတွင် လူမျိုးရေးခွဲခြားသည့် စကားလုံးအသုံးအနှုန်းများ အသုံးပြုခြင်း၊ လက်နက်ဖြင့် အကြမ်းဖက်ရိုက်နှက်ခြင်း စသည့်အချက်များ ပါဝင်မည်ဖြစ် ကြောင်း ပြင်သစ်အစိုးရရှေ့နေ ရင်မီယိုက်စ်က နိုဝင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။

လူမည်းအမျိုးသား မီရှယ်ဇီကလာအား ရဲတပ်ဖွဲ့ဝင်လေးဦးက အကြမ်း ဖက်ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ပုံရိပ်များသည် ပြင်သစ်ကို အရှက်ရစေကြောင်း ပြင်သစ်သမ္မတ ဧမာနွေလမာခရွန်က တရားဝင်ပြော ကြားခဲ့ပြီးနောက် ပြင်သစ်ရှိ မြို့ကြီးများတွင် ဆန္ဒပြမှုများနှင့် ဆူပူမှုများ ဖြစ် ပေါ်လာခဲ့သည်။

မီရှယ်ဇီကလာသည် အများပြည်သူနှင့်ဆိုင်သော လူသွားလမ်းပေါ်တွင် နှာခေါင်းစည်း(Mask) မတပ်ဘဲ သွားလာခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် ကြိုးစားချိန်တွင် ၎င်း၏ တေးဂီတထုတ်လုပ်ရာ စတူဒီယိုခန်းထဲ သို့ ဝင်ရောက်ရန် ကြိုးစားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းအား ဖမ်းဆီးချိန်၌ ကိုယ်ထိလက် ရောက်ကျူးလွန်မှုများရှိပြီး လူမျိုးရေးခွဲခြားသည့် စကားလုံးအသုံးအနှုန်းများ ဖြင့် ကြိမ်းမောင်းခဲ့ကြောင်း မီရှယ်ဇီကလာက ထွက်ဆိုခဲ့သည်။