နိုဝင်ဘာ ၃ ရက်နေ့တွင်ပြုလုပ်သော ရွေးကောက်ပွဲ ရလဒ်အပေါ်တွင် ထားရှိသည့် သဘောထားသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်သ လို ၎င်း၏ စိတ်သည်လည်း လာမည့် ၆ လအတွင်း ပြောင်းလဲနိုင်ဦးမည်မ ဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော FOX News သတင်းဌာနနှင့် အင်တာဗျူးတွင် ထရမ့်က ရွေးကောက်ပွဲသည် အကွက်ဆင်ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
‘’ကျွန်တော့်စိတ်ကတော့ ပြောင်းသွားမှာ မဟုတ်ဘူး။ ကျွန်တော့်စိတ် က လာမယ့်ခြောက်လအတွင်း မပြောင်းလဲဘူး။ ရွေးကောက်ပွဲက လုပ်ကြံ ဖန်တီးခံရတာပါ။ ရွေးကောက်ပွဲကြီးတစ်ခုလုံး လိမ်လည်ထားတယ်။ ဒီရွေး ကောက်ပွဲကို ကျွန်တော်တို့ လွယ်လွယ်လေးနဲ့ နိုင်တာပါ’’ ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်အနေဖြင့် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနေကြောင်း ထပ်တလဲလဲ ပြောဆိုနေသော်လည်း ၎င်း၏ ရွေးကောက်ပွဲအောင်နိုင်ရေးအ ဖွဲ့ကမူ တရားရုံးများ၌ ထင်ရှားသော သက်သေအထောက်အထားများကို လက်ရှိအချိန်အထိ တင်သွင်းနိုင်ခြင်း မရှိသေးချေ။
ပင်ဆီဗေးနီးယားပြည်နယ်၌ ဂျိုးဘိုင်ဒင်အနိုင်ရကြောင်း ကြေညာမှုကို ပယ်ဖျက်ပေးရန် တောင်းဆိုမှုအား ပြည်နယ်တရား လွှတ်တော်ချုပ်က ပယ်ချလိုက်ပြီးနောက် ရွေးကောက်ပွဲရလဒ်အား ပြောင်းလဲပစ်ရန် ရည်ရွယ်သည့် ဒေါ်နယ်ထရမ့်၏ ကြိုးစားအားထုတ်မှုများ အောင်မြင်နိုင်ဖွယ် မရှိတော့ကြောင်း သိရသည်။

















