စစ်မှုထမ်းဖို့စီစဉ်နေကြောင်းကြေညာခဲ့တဲ့ Ricky
Teen Top အဖွဲ့ဝင် Ricky က စစ်မှုထမ်းဖို့ စာရင်းပေးသွင်းဖို့စီစဉ်ထားကြောင်း ကြေညာခဲ့ပါတယ်။
Ricky က စစ်မှုထမ်းဖို့ဖောင်တင်တာကို လက်ခံခဲ့တာကြောင့် နောက်နှစ်ထဲမှာ စာရင်းပေးသွင်းဖို့စီစဉ်ထားတယ်လို့ TOP Media က တရားဝင်ဖော်ပြလိုက်ပါတယ်။
Ricky ဟာ Teen Top အဖွဲ့ထဲမှာ ဒုတိယမြောက်စစ်မှုထမ်း သွားမယ့်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ပထမဆုံးစစ်မှုထမ်းမယ့်သူကတော့ Chunji ဖြစ်ပြီး ဒီနှစ်သြဂုတ်လတုန်းက စာရင်းပေးသွင်းခဲ့တာပါ။
Ricky တစ်ယောက် အစစအရာရာအဆင်ပြေစေဖို့အတွက် ပရိသတ်တွေက ဆုတောင်းပေးကြဖို့ကို အေဂျင်စီကမေတ္တာရပ်ခံခဲ့ပါတယ်။
















