“Start-Up” ရဲ့ ဇာတ်ဝင်သီချင်းကို ကိုယ်တိုင်သီဆိုပေးခဲ့တဲ့ Suzy
Suzy က “Start-Up” ဇာတ်လမ်းတွဲအတွက် “My Dear Love” ဇာတ်ဝင်သီချင်းကို သီဆိုပေးခဲ့ပါတယ်။
သီချင်း music video ထဲမှာ Seo Dal Mi အဖြစ် သရုပ်ဆောင်တဲ့ Suzy နဲ့ Nam Do San အဖြစ် သရုပ်ဆောင်တဲ့ Nam Joo Hyuk တို့က အချစ်ကိုရှာဖွေရင်း သူ့တို့ရဲ့အိမ်မက်တွေလက်တွေ့ဖြစ်လာအောင် အတူကြိုးစားကြတာကို သရုပ်ဖော်ရိုက်ကူးထားတာ တွေ့မြင်ရပါတယ်။
“My Dear Love” သီချင်းက Seo Dal Mi ရဲ့ ခံစားချက်တွေကို စန္ဒယား၊ ကြိုးတပ်တူရိယာတွေနဲ့ ပေါင်းစပ်ဖန်တီးပုံဖော်ထားတဲ့ အချစ်သီချင်းကောင်းတစ်ပုဒ်ဖြစ်တာကြောင့် “Start-Up” ပရိသတ်တွေ သေချာပေါက်အကြိုက်တွေ့မယ့်သီချင်းဖြစ်ပါတယ်။
















