COVID-19 ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ PENTAGON ရဲ့ အွန်လိုင်းဖျော်ဖြေပွဲကိုရွှေ့ဆိုင်းခဲ့ရ

COVID-19 ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ PENTAGON ရဲ့ အွန်လိုင်းဖျော်ဖြေပွဲကိုရွှေ့ဆိုင်းခဲ့ရ

နိုဝင်ဘာ ၂၈ ရက်နေ့ညမှညပဲ Cube Entertainment က PENTAGON ရဲ့ “WE L:VE” အွန်လိုင်းဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

PENTAGON ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yeo One က COVID-19 ပိုးတွေ့လူနာတစ်ယောက်နဲ့ထိတွေ့မိခဲ့တာကြောင့် ဆေးစစ်မှုခံယူခဲ့ရပါတယ်။

ဆေးစစ်ချက်အဖြေ negative ထွက်ခဲ့ပေမယ့်လည်း ကျန်းမာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေအရ ကွာရန်တင်းဝင်ရမှာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၃ နာရီမှာ ကျင်းပဖို့စီစဉ်ထားတဲ့ PENTAGON ရဲ့ အွန်လိုင်းဖျော်ဖြေပွဲ ကို ရုတ်တရက်ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

PENTAGON ရဲ့ တခြားအဖွဲ့ဝင်တွေကိုလည်း ရောဂါပိုးရှိမရှိ ဆက်လက်စစ်ဆေးရမယ်လို့သိရပါတယ်။

အခြေအနေတွေအားလုံးပြီးသွားရင် ဖျော်ဖြေပွဲလုပ်မယ့်ရက်သေးစိတ် ကို ထပ်မံကြေညာပေးသွားမယ်လို့ အေဂျင်စီကတရားဝင်ကြေညာခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး