ချစ်သူနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ Matthew Perry

ချစ်သူနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ Matthew Perry

အသက် ၅၁ နှစ်အရွယ် Matthew Perry ဟာ သူ့ရဲ့ချစ်သူဖြစ်သူ ၂၉ နှစ်အရွယ် Molly Hurwitz နဲ့ စေ့စပ် လိုက်ပြီလို့သိရပါတယ်။

Matthew Perry ဟာ “Friends” စီးရီးထဲမှာ Chandler Bing အဖြစ် ပါဝင်သရုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။

သူဟာ Molly နဲ့ ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာစေ့စပ်ခဲ့ပြီး ဒီနှစ်မှာတော့ လက်ထပ်ခွင့်တောင်းခဲ့ရာမှာ Molly ကလည်း လက်ခံခဲ့တယ်လို့သိရပါတယ်။

သူတို့နှစ်ယောက် ချစ်သူဖြစ်နေပြီ ဆိုတဲ့အကြောင်းကိုတော့ ဒီနှစ်ချစ်သူများနေ့မှာ ပရိသတ်ကိုအသိပေးခဲ့တာဖြစ်ပါတယ်။

Matthew Perry ရဲ့ “Friends” reunion ကိုတော့ ၂၀၂၁ ခုနှစ် မတ်လလောက်မှာ ပြန်လည်ရိုက်ကူးမယ်လို့သိရပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး