မုံရွာမြို့၌ တန် ဆောင်တိုင်ညပိုင်း ပံ့သကူရှာသူများဖြင့် စည်ကား၊ အမှုဖွင့်တိုင်ကြားသည့် မှုခင်းဖြစ်စဉ်မရှိခဲ့

မုံရွာမြို့၌ တန် ဆောင်တိုင်ညပိုင်း ပံ့သကူရှာသူများဖြင့် စည်ကား၊ အမှုဖွင့်တိုင်ကြားသည့် မှုခင်းဖြစ်စဉ်မရှိခဲ့

မုံရွာမြို့၌ တန်ဆောင်မုန်းလပြည့်ည(တန်ဆောင်တိုင်ည)က ပံ့သကူရှာသူများဖြင့် စည်ကားခဲ့ပြီး အမှုဖွင့်တိုင်ကြားသည့် မှုခင်းဖြစ်စဉ်မရှိခဲ့ကြောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသောင်းညွန့်ထံမှ သိရသည်။

''မုံရွာခရိုင်ထဲမှာ အမှုဖွင့်တာမရှိဘူး။ တစ်ဖက်နဲ့တစ်ဖက် ရန်ဖြစ်တာလောက်ပဲရှိတယ်။ ဒဏ်ရာကြီးကြီးမားမားရတာ မရှိဘူး။ တန်ဆောင်တိုင်ညပေမယ့် အရင်နှစ်တွေနဲ့ မတူဘူး။အပြင်သိပ်မထွက်ကြပါဘူး။ ပံ့သကူရှာတဲ့သူတွေတော့တော်တော်များတယ်။ လူတွေလမ်းပေါ်မှာ့ပည့်နေတာပဲ။ ကားတွေလာတိုင်း တားပြီး ပံ့သကူပစ်ဖို့အော်နေကြတာ များတယ်''ဟု ဒုရဲမှုးကြီးသောင်းညွန့်ကပြောသည်။

မုံရွာမြို့ထဲတွင် ရဲအင်အား ၅ဝ ဖြင့်လှည့်ကင်းကား(၄)စီး၊ ရပ်ကင်း(၆)နေရာ၊ လှည့်ကင်းဆိုင်ကယ်(၄) ဖွဲ့ထား စောင့်ကြည့်ခဲ့ကြသည်။ ရပ်ကင်း(၆)နေရာဖြစ်သည့် ဘိုးဘွားရိပ်သာအဝိုင်းပတ် အောင်မင်္ဂလာအဝိုင်းပတ်ကန်သာယာပတ်လည် စသည့်နေရာများ၌ ရဲတပ်ဖွဲ့များချထားခြင်း ဖြစ်သည်။

''ည(၁၁)နာရီခွဲလောက်မှာ လမ်းပေါ်လူတွေမရှိတော့ဘူး။ ကျွန်တော်တို့ကမနက်(၃)နာရီအထိ မုံရွာနေရာအနှံ့ပတ်နေတာပါ။ ရန်ဖြစ်ကြတာ(၂)ဖွဲ့ရှိတယ်။တစ်ဖွဲ့က စက်မှုဇုန်ထဲက အိမ်တစ်အိမ်ဘေး သောက်စားဆူညံနေတဲ့အဖွဲ့ကိုဘေးကမခံနိုင်လို့ ရန်ဖြစ်ကြတယ်။စခန်းခဏ ခေါ်ထိမ်းထားတာလောက်ရှိတာပါ။ တစ်ဖွဲ့က ကန်သာယာနားမှာဖြစ်တယ်။ ဆိုင်ကယ်နဲ့ ပွတ်မိရာကတစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်ဖြစ်တော့ ရဲတွေကချက်ချင်းပြေးလိုက်တော့ ထွက်ပြေးကုန်ကြတယ်''ဟု ဒုရဲမှုးကြီးသောင်းညွန့်ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး