အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်လူမျိုး စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် ဂျဲနက်ယယ်လန်အား ၎င်း၏အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဂျဲနက်ယယ်လန်သည် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဂုဏ်ထူး ဆောင် ပါမောက္ခတစ်ဦးဖြစ်သလို ယခင်က အမေရိကန်ပြည်ထောင်စု ဗဟို ဘဏ်လုပ်ငန်း ဥက္ကဋ္ဌဟောင်းတစ်ဦးလည်း ဖြစ်သည်။
သမ္မတဟောင်း ဘီလ် ကလင်တန်လက်ထက်တွင် အိမ်ဖြူတော်စီးပွားရေးအကြံပေးတစ်ဦးအဖြစ် လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
သမ္မတအိုဘားမားလက်ထက်၌ ယယ်လန်သည် ဗဟိုဘဏ်လုပ်ငန်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒေါ်နယ်ထရမ့် လက်ထက်တွင် မူ ခန့်အပ်ခံရခြင်းမရှိခဲ့ပေ။
ဇန်နဝါရီ ၂၀ တွင် သမ္မတရာထူးကို ပြောင်းလဲ ဆက်ခံမည့် ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့အတွင်း၌ ထင်ရှားကျော်ကြားသည့် အမျိုးသမီးစွမ်းဆောင်ရှင်များကို ပိုမိုမြင်တွေ့ရဖွယ် ရှိနေသည်။
ဂျိုးဘိုင်ဒင်သည် လက်ရှိတွင် ဒေါ်နယ်ထရမ့်အစိုးရထံမှ အာဏာလွှဲ ပြောင်းလက်ခံရေး လုပ်ငန်းစဉ်များကို မနားမနေ ဆောင်ရွက်နေရသူဖြစ် သော်လည်း လွန်ခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် အိမ်မွေးခွေးကလေးနှင့် ကစားခဲ့ရာမှ ခြေထောက်တွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့ခြင်းကြောင့် ကျန်း မာရေးအကာအကွယ်ဖိနပ်ဖြင့် ရက်သတ္တပတ်အတန်ကြာ သွားလာလှုပ်ရှား ရဦးမည်ဖြစ်ကြောင်း ဘိုင်ဒင်၏ ဆရာဝန်ဖြစ်သူက ပြောကြားခဲ့သည်။

















