လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေ ဒေါ်လာ ၃၅ ဘီလီယံ လိုအပ်ဟု ကုလသမဂ္ဂထုတ်ပြန်

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေ ဒေါ်လာ ၃၅ ဘီလီယံ လိုအပ်ဟု ကုလသမဂ္ဂထုတ်ပြန်

COVID-19 ကပ်ရောဂါ၏ ဂယက်ရိုက်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

လာမည့်နှစ်တွင် ကမ္ဘာပေါ်ရှိ လူဦးရေ ၂၃၅ သန်းသည် အရေးပေါ် ထောက်ပံ့မှုများ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက အကြမ်းဖျင်းခန့်မှန်း ခဲ့ပြီး လွန်ခဲ့သည့်နှစ်ကထက် ၄၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရသည်။

ယခုလို အရေးပေါ်အကူအညီလိုအပ်သည့် လူဦးရေနှုန်း တိုးမြင့် လာခြင်းမှာ COVID-19 ကပ်ရောဂါတစ်ခုတည်းကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ လူ ၃၃ ဦးတွင် တစ်ဦးမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မည်ဖြစ်ပြီး အကူအညီ လိုအပ်သူ အကုန်လုံးအား နိုင်ငံတစ်ခုတည်းတွင် စုစည်းထားရှိပါက ကမ္ဘာ့ ပဉ္စမမြောက် လူဦးရေအများဆုံးနိုင်ငံအဖြစ် ရှိလာနိုင်ကြောင်း ဖော်ပြ သွားခဲ့သည်။

ကမ္ဘာပေါ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ လို အပ်နေသူများမှာ စစ်ရေးပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ၊ နေရပ် စွန့်ခွာရခြင်းများနှင့် ရာသီဥတုပြောင်းလဲခြင်းများကြောင့် တိုးပွားလာခြင်းဖြစ် ပြီး လာမည့်နှစ်တွင်မူ COVID-19 ကြောင့် ပိုမိုဆိုးရွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။