ယုံမှားသံသယကင်းပြီး နားလည်မှုရှိမှသာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာမည်ဟု အတိုင်ပင်ခံဆို

ယုံမှားသံသယကင်းပြီး နားလည်မှုရှိမှသာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာမည်ဟု အတိုင်ပင်ခံဆို

တိုင်းရင်းသား လူမျိုးများအကြား ယုံမှားသံသယကင်းပြီး အချင်းချင်းနားလည်မှုရှိမှသာဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဒီဇင်ဘာ ၁ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့်အခမ်းအနားအတွက်ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

''တိုင်းရင်းသား လူမျိုးပေါင်းများစွာနဲ့မတူကွဲပြားမှုများစွာရှိနေတဲ့ ကျွန်မတို့နိုင်ငံမှာအချင်းချင်းကြားမှာရှိတဲ့ မယုံမကြည်မှုတွေကြောင့်ပဲယနေ့ထိ ရုန်းကန်နေရဆဲ ဆိုတာကိုလည်းအားလုံးအသိပါပဲ။ ယုံမှားသံသယတွေကင်းပြီးအချင်းချင်းနားလည်မှုတွေ ရှိမှလည်း ကျွန်မတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်ပေါ်လာမှာပါ။ဒါကြောင့် ပညာရည်ပြည့်ဝပြီး၊ အမြင်ကျယ်၊သဘောထားကြီးတဲ့ လူ့အသိုင်းအဝုင်းဖြစ်ပေါ်လာရအောင် ပညာရေးကဏ္ဍမှာ ဦးစားပေးမြှုပ်နှံရင်းနှီးဆောင်ရွက်ကြရတာဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်အား ငြိမ်းချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရာတွင်အထူးလိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ပြုစုပျိုးထောင်ပေးရန်အတွက် တက္ကသိုလ်များ၏ အရည်အသွေးမြင်မားဖို့လည်း လိုအပ်ကြောင်းဆိုသည်။ ထို့အတွက်ကြောင့်လည်း နိုင်ငံတော်လိုအပ်ချက်နှင့်ကိုက်ညီစေရန် တက္ကသိုလ်များကိုအဆင့်မြှင့်တင်ဖို့လိုအပ်ကြောင်လည်းပြော ဆိုသည်။

''ကျွန်မတို့ရဲ့နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်၊ဒီဂရီကော်လိပ်နဲ့ ကောလိပ်အသီးသီးမှာအဆင့်မြင့်ပညာဆည်းပူးနေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေဟာ ပညာအရည်အ သွေးမြင့်မားပြီးအမြော်အမြင်နဲ့ ဆင်ခြင်တုံတရားပြည့်ဝတဲ့လူသားကောင်းတွေဖြစ်လာစေဖို့ အရေးကြီးပါတယ်။ လူသားကောင်းဖြစ်မှသာ နိုင်ငံကိုအကျိုးပြုမယ့် နိုင်ငံသားကောင်းဖြစ်လာပြီး နိုင်ငံသားကောင်းတွေကသာကမ္ဘာကြီးကို အကျိုးပြုမယ့်ကမ္ဘာသူ၊ ကမ္ဘာသားကောင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။

ထို့အတွက်ကြောင့်ပင် ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလ၌သာမက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွင်း ရန်ကုန်တက္ကသိုလ်အဆင့်မြ§င့်တင်ရေးကို အထူးအလေးပေးရမည်ဖြစ်သည့်အပြင် ထိုလုပ်ငန်းစဉ်များအားခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီးမဟာစီမံကိန်း(Master Plan) တစ်ခုရေးဆွဲအကောင်အထည်ဖော်နေသည့်အပြင် ရန်ကုန်တက္ကသိုလ်အား ကိုယ်ပိုင်စီမံ ခန့်ခွဲခွင့်ရသည့်တက္ကသိုလ်(Autonmous University) ဖြစ်ရေးအတွက် ရည်မှန်းဆောင်ရွက်နေကြောင်းလည်း ပြောဆိုခဲ့သည်။

နိုင်ငံခေတ်မီလာရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းရပ်တည်နိုင်ရန်အပြင် နိုင်ငံတကာတကာနယ်ပယ်၌သိက္ခာရှိသည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရေးအတွက် သဘာဝသယံဇာတများအပေါ် မှီခိုနေ၍မရဘဲ ပညာ၊ ဉာဏ်၊ အတွေးအခေါ်၊အမြော်အမြင်များနင့်ပြည့်စုံသည့်လူသားအရင်းအမြစ်များနှင့် တည်ဆောက်မှသာ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုများ ရမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး