မော်စကို ဒီဇင်ဘာ ၂ - ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိသေးသောကြောင့် ရုရှားအနေဖြင့် COVID-19 ကာကွယ်ဆေးများကို ပြည်ပမှဝယ်ယူရန် ကြိုးစားဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီး မီခယီမူရက်ရှ်ကိုက ဒီဇင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် COVID-19 ကြောင့် သေဆုံးသူဦးရေသည် နေ့စဉ် ၅၀၀ ကျော်နှင့်အထက်ရှိနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး လက်ရှိတွင်လည်း Sputnik V အပါအဝင် ကာကွယ်ဆေးများကို ပြည်တွင်းတွင် တိုးမြှင့်ထုတ်လုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့ရာတွင် လိုအပ်သော အရေအတွက်အား အချိန်မီထောက်ပံ့ပေးနိုင်ရန်အတွက် ပြဿနာနှင့် အခက်အခဲများရှိနေကြောင်း ကျန်းမာရေးဝန်ကြီး မီခယီမူရက်ရှ်ကိုက ဒီဇင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
ကာကွယ်ဆေးများအား ပြည်တွင်း၌ ဖြန့်ဖြူးပေးလျက်ရှိနေသော်လည်း ကုန်ပစ္စည်းပြတ်လပ်မှုပြဿနာနှင့် ရင်ဆိုင်နေရခြင်းကြောင့် ပြည်ပမှဝယ်ယူကာ ဖြန့်ဖြူးပေးရန်အတွက် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရုရှားနိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်၌ COVID-19 ကူးစက်သူသစ် ၂၆၄၀၂ ဦးရှိပြီး နိုဝင်ဘာ ၂၇ ရက်တွင် စံချိန်တင် ကူးစက်သူအရေအတွက်မှ လျော့ကျလာခြင်းဖြစ်ကြောင်း သိရသည်။

















