စင်ကာပူ ဒီဇင်ဘာ ၂ - စင်ကာပူသည် ဓာတ်ခွဲခန်းအတွင်းမှ ထုတ်လုပ်သော အသားကို တရားဝင်တင်ပို့ရောင်းချခွင့်ရသော ပထမဆုံးနိုင်ငံဖြစ်လာကြောင်း သိရသည်။
တိရစ္ဆာန်အား သတ်ဖြတ်ခြင်းမရှိဘဲ ဓာတ်ခွဲခန်းအတွင်းမှ ထုတ်လုပ်ပြီး လူအများစားသုံးရန်သင့်တော်သည့် သန့်ရှင်းလတ်ဆတ်သောအသားကို စင်ကာပူမှ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး ကျန်းမာရေးအာဏာပိုင်များ၏ ပထမဆုံးခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ခြင်းကာ အမေရိကန် အစားအသောက်ဖြန့်ချိရေးကုမ္ပဏီ Eat Just သို့ တင်ပို့ရောင်းချခွင့် ရရှိပြီဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်များဘေးကင်းရေး၊ သန့်ရှင်းလတ်ဆတ်သော အသားများရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းနိုင်ရေးတို့ကို ရည်ရွယ်ပြီး ဓာတ်ခွဲခန်းမှ အသားထုတ်ရန် ရည်ရွယ်ခဲ့ကြသည့် လူသားများ၏ ရည်မှန်းချက်မှာ အောင်မြင်ခဲ့ပြီဖြစ်ကာ စားသောက်ဆိုင်များ၊ စူပါမားကက်များနှင့် ဈေးအရောင်းစင်တာများတွင် ဓာတ်ခွဲခန်းထုတ် သန့်ရှင်းလတ်ဆတ်သော အသားများကို မြင်တွေ့ရတော့မည်ဖြစ်သည်။
ကြက်အဖို တစ်ကောင်ထံမှ အသားစ သို့မဟုတ် ဆဲလ်တစ်ခုကိုယူကာ ဓာတ်ခွဲခန်းအတွင်းရှိ ဓာတ်ပေါင်းဖိုအတွင်း၌ ဇီဝနည်းပညာဖြင့် မွမ်းမံပွားများထုတ်လုပ်ထားသော သန့်ရှင်းလတ်ဆတ်သည့် အသားများသည် လူအများ ဘေးကင်းစွာဖြင့် စားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်ဆဲလ်မှ တိုက်ရိုက်ထုတ်ယူကာ လူသားများ အသင့်စားသုံးရန်အတွက် ဖန်တီးထားသော အရည်အသွေးမြင့် သန့်ရှင်းအသားများကို ကမ္ဘာပေါ်တွင် ပထမဆုံး ခွင့်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် စင်ကာပူသည် ယင်းအသားများကို လူများ ဘေးကင်းစိတ်ချစွာ စားသုံးနိုင်ရန်အတွက် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း Eat Just ကုမ္ပဏီက ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။
ဓာတ်ခွဲခန်းထုတ် အသားများကို အသားတုံးအဖြစ် ရောင်းချမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း Eat Just ကုမ္ပဏီက ကြေညာခဲ့သည်။

















