မန္တလေးစည်ပင်လက်အောက်ရှိ စျေးဆိုင်ခန်းခများကို အွန်လိုင်းမှတစ်ဆင့်ပေးဆောင်ရန်နှိုးဆော်စာ၌ QR Code စတင်ထည့်သွင်းပေးထား

မန္တလေးစည်ပင်လက်အောက်ရှိ စျေးဆိုင်ခန်းခများကို အွန်လိုင်းမှတစ်ဆင့်ပေးဆောင်ရန်နှိုးဆော်စာ၌ QR Code စတင်ထည့်သွင်းပေးထား

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနလက်အောက်ရှိ အများပြည်သူဆိုင်ရာဈေးစုစုပေါင်း ၄၃ ဈေးတွင် ဖွင့်လှစ်ရောင်းဝယ်လျက်ရှိကြသည့် အထည်ဆိုင်ခန်းခများအတွက် ကောက်ခံမည့် အခွန်နှိုးဆော်စာများ၌ QR Code များကိုပထမဦးဆုံး စတင်ထည့်သွင်းပေးထားပြီဖြစ်သောကြောင့် Mandalay Smart Pay ဆော့ဖ်ဝဲလ်ကိုအသုံးပြု၍အလွယ်တကူ ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ တစ်လစာအတွက်ကောက်ခံမည့်ဆိုင်ခန်းခွန် နှိုးဆော်စာများကို ဆိုင်ခန်းရှင်များ အသီးသီးသို့ဖြန့်ဝေထားပြီးဖြစ်ရာ အွန်လိုင်းမှတစ်ဆင့်အခွန်အခများကို ပေးဆောင်ခြင်းအားဖြင့် ငွေစက္ကူများကို ကိုင်တွယ်အသုံးပြုရန် မလိုအပ်တော့သလို နေအိမ်မှပင် အလွယ်တကူပေးဆောင်နိုင်သဖြင့်ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရာရောက်စေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

" MSP ဆော့ဖ်ဝဲထဲဝင်ပြီးတော့ဆိုင်ခန်းခွန် နှိုးဆော်စာမှာထည့်သွင်းထားတဲ့ QR Code ကို Scan ဖတ်လိုက်တာနဲ့ ဆိုင်ခန်းရှင်နဲ့သက်ဆိုင်တအဲ့ ချက်အလက်နဲ့ ပေးဆောင်ရမယ့် ဆိုင်ခန်းခ စတာတွေ ပေါ်လာမှာဖြစ်ပါတယ်။ တွေ့ရတဲ့ အချက်အလက်တွေမှန်ကန်တယ်ဆိုရင် အလွယ်တကူပေးဆောင်နိုင်မှာဖြစ်ပြီး ဆောင်ပြီးသားဆိုရင် နောက်တခါထပ်ပြီး ဆောင်လို့မရတာကြောင့် အကြောင်းကြောင်းကြောင့် မေ့ပြီးနှစ်ခါဆောင်သလိုဖြစ်သွားမှာကို စိုးရိမ်ဖို့မလိုတော့သလိုအခွန်ပေးဆောင်ပြီးတဲ့အခါ ဖုန်းရဲ့ Gallery ထဲကို အလိုအလျောက် ညScreen Shot လုပ် သိမ်းဆည်းပေးမှာဖြစ်တဲ့အတွက် ပြေစာတွေအလုပ်ရှုပ်သိမ်းစရာမလိုတော့ပါဘူး''ဟု ဦးကျော်ဆန်းမြင့်က ဆက်လက်ရှင်းပြသည်။

MSP Pay စနစ်ဖြင့်အခွန်ဆောင်ခြင်းဖြင့်နေ့ညမရွေးဘဲ ကျပ်စွန်းပြားစွန်းအတွက် ငွေအတိအကျပေးဆောင်နိုင်ခြင်း၊ ပေးဆောင်ပြီးပါက နှိုးဆော်စာကိုနှစ်ခါပြန်ပေးဆောင်မှုမရှိစေရန် ဆောင်ရွက်ထားခြင်း၊ Auto Screen Shot Function ထည့်သွင်းထားသောကြောင့်အခွန်ပေးဆောင်ပြီးကြောင်းကို ဖုန်း Gallery Album ထဲသို့ အလိုအလျောက်သိမ်းဆည်းပေးခြင်း၊ ငွေစက္ကူဖြင့်ကိုင်တွယ်ပေးချေရန်မလိုသဖြင့် ငွေစက္ကူမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါပိုးများ၏အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်သည်။

MSP ဆော့ဖ်ဝဲလ်ကိုဖုန်း အတွင်းသို့ Install ပြုလုပ်ပြီးပါက ရတနာပုံဘဏ်၊ AYA ဘဏ်၊ MAB ဘဏ်၊ Mobile Banking များ၊ Convenient စတိုးများ၊ လမ်းဘေးစတိုးဆိုင်များ၊ စားသောက်ဆိုင်တချို့နှင့် မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရုံးများ၊အများသုံး အဆင့်မြင့်သန့်စင်ခန်းများ၌အလွယ်တကူ ငွေဖြည့်သွင်းနိုင်ရန်လည်း စီစဉ်ပေးထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး