Infobip က Conversations နှင့် Answers နည်းပညာထုတ်ကုန်သစ်များအား စတင်မိတ်ဆက်

Infobip က Conversations နှင့် Answers နည်းပညာထုတ်ကုန်သစ်များအား စတင်မိတ်ဆက်

Cloud ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် Infobip က Conversations ခေါ် ဒစ်ဂျစ်တယ် cloud ဆက်သွယ် မှုစင်တာနည်းပညာသစ်နှင့် chatbot တည်ဆောက်သည့် platform ဖြစ်သော Answers အား စတင် မိတ်ဆက်လိုက်သည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် omnichannel solution ဖြင့် ၎င်းတို့၏ အေးဂျင့်များအတွက် single interface ကို အသုံးပြုကာ Conversations မှတဆင့် customer များဆီသို့ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။ Conversations ကို ဉာဏ်ရည်တု (AI) အသုံးပြုခြင်းနှင့် keywords အခြေပြု chatbots မှတဆင့် Facebook Messenger ၊ Viber ၊ Live Chat နှင့် SMS ကဲ့သို့သော အဓိက စာတိုပေးပို့ရေးပလက်ဖောင်းများတွင် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။

“မြန်မာပြည်ဈေးကွက်မှာ အရင်တုန်းက မိုဘိုင်းဖုန်းတွေ မကိုင်နိုင်ကြဘူး၊ အခု လူတိုင်းက လူတိုင်းက မိုဘိုင်း ဖုန်းရှိတယ်၊ ၂၀၁၉ ခုနှစ် စာရင်းဇယားအရ ၂၆ ရာခိုင်နှုန်းသော လူတွေက ပိုက်ဆံတွေ အလွှဲအပြောင်းလုပ်လာကြတယ်၊ ၅၇ ရာခိုင်နှုန်းက အွန်လိုင်းရှော့ပင်သုံးနေတာ တွေ့ရတယ်၊ ဖေ့စ်ဘုတ်ကိုလည်း တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်၊ ၇၁ ရာခိုင်နှုန်းသော လူဦးရေက Viber ပေါ်မှာ နေ့စဉ်နဲ့ အမျှ အသုံးပြုနေကြတယ်၊ အထင်ကရ အင်တာနက်ကိုအသုံးပြုနေတာက ဈေးဝယ်ဝန်ဆောင်မှု၊ ငွေရေးကြေးရေးဝန်ဆောင်မှုက အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြတယ်၊ ဒီဂျစ်တယ်ကို ပိုပြီးအသုံးပြုလာကြတယ်၊ ဒါတွေကို ဒီဂျစ်တယ် Chat Bot တွေကနေ ကူညီပေးတဲ့အတွက် တော်တော်လေး အဆင်ပြေလာတာကို တွေ့ရတယ်” ဟု Infobip Myanmar ၏ Country Manager ဖြစ်သူ Fiona (ခင်ငြိမ်းသူ)ကပြောသည်။

Conversations platform ကို စွမ်းဆောင်ရည်အမြင့်ဆုံး ရောက်ရှိစေရန် ပြန်လည်သုံးသပ်ပြီး နိုင်ငံတကာစံနှုန်းများအရ အဆင့်မြှင့်တင်ထားသည်ဟု ဆိုသည်။ Infobip ၏ လုံခြုံစိတ်ချရသော အွန်လိုင်း cloud စနစ်မှတစ်ဆင့် call center အေးဂျင့်များ သည် မည်သည့်နေရာမှမဆို စနစ်အတွင်းသို့ ဝင်ရောက်ခြင်းနှင့် customer များနှင့် အပြန်အလှန်ပြောဆိုမှုကို ရပ်တန့်ထား သောနေရာမှ ပြန်လည် စတင်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အတွက် hardware စက်ပစ္စည်း သို့မဟုတ် ကြိုတင်ပြင်ဆင်တပ်ဆင်ခြင်းများ သီးခြားလုပ်ဆောင်ရန် မလိုအပ်ပေ။ ထို့ကြောင့် အေးဂျင့်များသည် မက်ဆေ့ခ်ျပို့သည့် လမ်းကြောင်းများနှင့် အပြန်အလှန်ပြောဆိုမှု မှတ်တမ်းများမှတစ်ဆင့် တစ်ကြိမ်လျှင် မေးမြန်းမှု တစ်ခုထက်ပိုသော ဆက်သွယ်မှုများကို တစ်နေရာတည်းမှ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိစေမည် ဖြစ်သည်။ Conversations တွင် အချိန်နှင့်တပြေးညီ ဖော်ပြသည့် dashboard နှင့် မှတ်တမ်းများ ထည့်သွင်းထားကြောင်း၊ ၎င်း၏ သရုပ်ခွဲနိုင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်ငန်းဦးဆောင်သူများသည် မိမိ၏ customer များနှင့် အေးဂျင့်များ၏ လုပ် ဆောင်မှုများကို စောင့်ကြည့်နိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းခွင် အလေ့အထများ တိုးတက်ကောင်းမွန်ရန်အတွက် လိုအပ်သော ချိန်ညှိမှုများပြုလုပ်ရန်သာမက လုပ်ငန်းစွမ်းဆောင်ရည် တိုးမြှင့်ရန်နှင့် သုံးစွဲသူတို့၏ အတွေ့အကြုံ (customer experience)အတွက် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ဖော်ထုတ်ရာတွင် အဆိုပါ အချက်အလက်များအား အသုံးပြုနိုင်မည် ဖြစ်သည်။

အပြန်အလှန်အားဖြင့် Answers က ၎င်း၏ chatbot တည်ဆောက်မှု platform နှင့်အတူ ကုမ္ပဏီများအနေဖြင့် ဉာဏ်ရည်တု (AI)နှင့် keywords အခြေပြု chatbot များ တည်ဆောက်ရန်၊ စမ်းသပ်ရန်နှင့် လက်တွေ့အသုံးပြုရန်၊ Conversations မှတစ်ဆင့် စီမံခန့်ခွဲရန် အကောင်းဆုံးဝန်ဆောင်မှုများကို ထပ်တိုးလုပ်ဆောင်မှုအဖြစ် ပေးအပ်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အေးဂျင့်များသည် ပိုမို ရှုပ်ထွေးသော မေးမြန်းချက်များကို အလေးထား အာရုံစိုက် တုံ့ပြန်နိုင်မည်ဖြစ်သည်။ Chat application မှတစ်ဆင့် ပိုမိုများပြားသည့် customer များကို အေးဂျင့်အရေအတွက် မပြောင်းလဲဘဲ ပံ့ပိုးမှုပေးနိုင်ရန် စရိတ်သက်သာပြီး အကျိုးထူးစေမည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။ ထို့အပြင် chatbot များတွင် ပထမဆုံးသော မေးမြန်းမှုမှတစ်ဆင့် ၂၄ နာရီ ၇ ရက်ပတ်လည် အထောက်အပံ့ပေးနိုင်မှုက customer များ ပျော်ရွှင်ကျေနပ်စေရန်နှင့် ပုံမှန် သို့မဟုတ် 'မကြာခဏ လက်ခံရရှိသော' မေးခွန်းများအား ချက်ခြင်း တုံ့ပြန်ဖြေဆိုပေးခြင်းအားဖြင့် customer experience ကို ကျေနပ်အားရမှု တိုးတက်စေမည် ဖြစ်သည်။ Conversations နှင့် Answers ကို တွဲဖက်အသုံးပြုခြင်းအား ဖြင့် customer experience၊ စိတ်ကျေနပ်မှုနှင့် ရေရှည်ထိန်းသိမ်းထားခြင်းကဲသို့သော စိန်ခေါ်မှုများကို စီးပွားရေးလုပ်ငန်းများက ကျော်လွှားနိုင်လိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

Conversations နှင့် Answers ဝန်ဆောင်မှုများကို လက်ရှိ ဘဏ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအချို့တွင် စတင်အသုံးပြုနေပြီဖြစ်ပြီး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုရန် နည်းပညာအကျွမ်းတဝင်ရှိရန် မလိုအပ်ကြောင်း၊ အလွယ်တကူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Conversations နှင့် Answers ထုတ်ကုန်များသည် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်း အစရှိသော ဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုးအတွက် အချိန်ကုန်သက်သာ၊ ငွေကြေးကုန်ကျမှုသက်သာပြီး ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနိုင်စေရန် ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး