ပြည်သူများအထင်လွဲမှားအောင် လူမှုကွန်ရက်ပေါ် ၌ရေးသားမှုများ သတင်းတု၊ သတင်းမှားသာဖြစ်ဟု UEC ထုတ်ပြန်

ပြည်သူများအထင်လွဲမှားအောင် လူမှုကွန်ရက်ပေါ် ၌ရေးသားမှုများ သတင်းတု၊ သတင်းမှားသာဖြစ်ဟု UEC ထုတ်ပြန်

ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) နှင့်ပတ်သက်၍ ပြည်သူများအထင်အမြင်လွဲမှားအောင် ရေးသားမှုများနှင့်ပတ်သက်၍ သတင်းမှား၊သတင်းတုများဖြစ်ကြောင်း UEC က နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့်အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့သည့် နောက်ပိုင်းကာလများတွင်ဖေ့စ်ဘွတ်ခ်နှင့် အွန်လိုင်းလူမှုကွန်ရက်များကိုအသုံးပြုကာ UEC နှင့် ပတ်သက်၍ သတင်းတုသတင်းမှားများအားရေးသားမှုများ တွေ့ရှိနေရခြင်းလည်းဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက်ကလည်း ''မဲလိမ်လည်မှုဖြစ်စဉ်များသည် UEC အနေဖြင့်အမည်ပျက်မည်ကို စိုးရိမ်သောကြောင့်ဆရာ၊ ဆရာမများအား လွဲချခဲ့ရသည်ဆိုသည့်အကြောင်း၊ ဆရာ၊ ဆရာမများနှင့်ပတ်သက်၍ မဲမသာမှုများရှိခဲ့သည်ကို UEC အနေဖြင့် ဝန်ခံလိုက်ကြောင်း''ရေးသားပြောဆိုထားမှုများကလူမှုကွန်ရက် စာမျက်နှာပေါ်တွင်ပျံ့နှံ့ခဲ့၍ ထိုအရာများသည် သတင်းတု၊သတင်းမှားများသာ ဖြစ်ကြောင်း UEC က ထုတ်ပြန် ရှင်းလင်းခဲ့ရသည်။

ထို့ပြင် ဒီဇင်ဘာ ၄ ရက်ကလည်း UEC အဖွဲ့ဝင် ခြောက်ဦးနုတ်ထွက်ကြောင်းနှင့် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း သတင်းမှားများကို ဖြန့်ချိရေးသားခဲ့ကြသည့်အတွက် သတင်းတု၊သတင်းမှားများသာဖြစ်ကြောင်း UEC အနေဖြင့် ပြန်လည်ရှင်းလင်းခဲ့ရသည်။

ထို့ပြင်အဆိုပါနေ့၌ပင် ဆန္ဒမဲထည့်ဝင်များနှင့်ပတ်သက်၍ အသက် ၁၈ နှစ် မပြည့်သူများ၊ ဆန္ဒမဲများအားနှစ်ကြိမ်ပေးစေမှုများ၊ ကြိုတင်ဆန္ဒမဲများကို မဲထပ်ပေးစေခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားမှုများရှိခဲ့သည်ဟုလူမှုကွန်ရက်တွင် ဖော်ပြခဲ့မှုများရှိခဲ့သည့်အတွက် အဆိုပါပြောဆိုချက်များသည်သတင်းမှား သတင်းတုများသာဖြစ်ကြောင်း UEC အနေဖြင့် ပြန်လည်ရှင်းလင်း ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်များနှင့်ပတ်သက်၍လည်းကောင်း၊ အဖွဲ့အစည်းအမည်ကိုအလွဲသုံးစားပြု၍ ရေးသားခြင်း၊ ပြည်သူများ အထင်အမြင်လွဲမှားစေရန်လူမှုကွန်ရက် စာမျက်နှာများပေါ်တွင်ရေးသားပြောဆိုမှုများနှင့် ပတ်သက်၍ UEC အနေဖြင့် မည်သို့ အရေးယူဆောင်ရွက်ရန် စီစဉ်ထားရှိမှုနှင့် ပတ်သက်၍ UEC ၏အတွင်းရေးမှူး ဦးမြင့်နိုင်ထံသို့ဖုန်းဖြင့်ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး