နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲထားသည့် မဲရုံတာဝန်ကျ ဆရာ၊ဆရာမခြောက်ဦးရှိကြောင်း သိရသည်။အဆိုပါ ၆ မှုတွင် ဆရာ၊ ဆရာမအဖွဲ့အစည်း သုံးဖွဲ့ပူးပေါင်းဖွဲ့စည်းထားသည့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ က တရားဝင်လိုက်လံ ကူညီဆောင်ရွက်ပေးနေသည့် အမှုနှစ်မှုရှိသည်။ ယင်းတို့မှာ မန္တလေးတိုင်း ပျော် ဘွယ်မြို့နယ်မှမူလတန်းကျောင်းအုပ် ဆရာမ ဒေါ်ခင်မာရီနှင့် ဧရာဝတီတိုင်း ငပုတောမြို့နယ်မှမူလတန်း ကျောင်းအုပ် ဦးမြဌေးတို့စွဲဆိုခံထားရမှုဖြစ်ပြီး ယင်းနှစ်မှုစလုံးကိုပြည်ထောင်စုံကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တရားစွဲဆိုထားခြင်းဖြစ်သည်။
''ကျွန်တော်တို့ ကြားနေရတယ်။ကျွန် တော်တို့ကို ဆက်သွယ်ဆေယင်ရွက်မှုမရှိသေးတဲ့ အမှုတွေ ရှိသေးတယ်။အဲဒါကတော့ လောလောဆယ်ခြောက်မှုလောက်ပဲရှိပါသေးတယ်။ ဖြူးက လောလောဆယ်ကြားရတာပဲ ရှိသေးတယ်။သူတို့ဘာ သူတို့ဖြေရှင်းတဲ့အဆင့်ပဲရှိသေးတယ်။ ကျွန်တော်တို့ဆီလှမ်းပြီးအကူအညီတောင်းတာ မရှိသေးဘူး။ပန်းတနော်မှာလည်း တစ်မှုရှိသေးတယ်။နောက်တစ်ခုက ညောင်ဦးဘက်မှာတစ်ခုရှိတယ်။ နောက် ဆက်သွယ်နေတဲ့ဟာတွေလည်း ရှိသေးတယ်''ဟု အရေးပေါ် တုံ့ပြန်ရေးကော်မတီပြောခွင့်ရဦးမင်းမင်းထွဋ်က ပြောသည်။
ဧရာဝတီတိုင်း ငပုတောမြို့နယ်ကမူလတန်းကျောင်းအုပ်ကို ရပ်/ကျေးပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ငါးဦးက တရားလိုပြုလုပ်၍ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ၅၇၊၅၈(က)တို့ဖြင့် မြို့နယ်ရဲစခန်းတွင် အမှုှုဖွင့်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဦးမြဌေးအနေဖြင့် အသက်မပြည့်ဘဲ မဲပေးခွင့်ပြုခြင်းကြောင့်ဟုဆိုကာအထက်ပါ ပုဒ်မများဖြင့်စွဲဆိုခံရခြင်းဖြစ်ကာ ယင်းပုဒ်မများသည် ငွေဒဏ်ကျပ်တစ်သိန်း (သို့မဟုတ်) ထောင်ဒဏ်တစ်နှစ်(သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးကျခံရနိုင်ကြောင်း သိရသည်။
''အဲဒါကတော့ ရှင်းပါတယ်။ မဲရုံမှူးနဲ့မဆိုင်ဘူးလေ။ ကော်မရှင်နဲ့ပဲဆိုင်ပါတယ်။ အဲဒီအတွက်ကြောင့်ဒီဟာနဲ့ပတ်သက်လို့ မဲရုံမှူးမှာ တာဝန်မရှိဘူး။ ရပ်/ကျေးကော်မရှင်တွေမှာပဲတာဝန်ရှိတာကို။ မဲစာရင်းမှာပါပြီးသားမို့မဲပေးခွင့်ပေးတာလေ။ အသက်ပြည့်တယ်၊ မပြည့်ဘူးဆိုတာက ဆရာ။ဆရာမတွေနဲ့မဆိုင်ဘူးလေ။ ပြီးတော့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေကလည်း ကန့်ကွက်တာမရှိဘူး။ ပြီးမှပုဂ္ဂိုလ်ရေးဆိုင်ရာ တိုင်ကြား တယ်လို့ယူဆတယ်ပေါ့''ဟု အခြေခံပညာပညာရေးလုပ်သားများသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဉီးမင်းမင်းထွဋ်က ပြောသည်။
လတ်တလောတွင် ယင်းအမှုကိုမြို့နယ်ဥပဒေအရာရှိက လိုက်ပါကူညီဆောင်ရွက်ပေးနေသကဲ့သို့ ငပုတောမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂကလည်း ကူညီဆောင်ရွက်ပေးနေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများကွန်ရက်နှင့်လည်း လိုအပ်ပါက ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
''ကျွန်တော်တို့ ရှေ့နေတွေ လိုအပ်ရင် လိုအပ်သလိုကူညီမှာပါ။ ရှေ့နေတွေကလည်း အခမဲ့ကူညီဖို့ ကမ်းလှမ်းလာတာတွေရှိပါတယ်။ အဲဒီ ရှေ့နေဆရာကြီးတွေနဲ့တိုင်ပင်ပြီး စီစဉ်ဆောင်ရွက်သွားမှာပါ''ဟု ၎င်းက ပြောသည်။ဆရာ၊ ဆရာမများအား ပါတီအချို့က တရားစွဲထားခြင်းအပေါ် ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ရုပ်သိမ်း ခြင်းမရှိပါက တရားစွဲခံ ဆရာ၊ ဆရာမများကဆက်သွယ် ဆောင်ရွက်လာသူများကိုအခမဲ့ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဒီဇင်ဘာလ ၃ ရက်ကထုတ်ပြန်ထားသည်။















