ဦးဂါကျေးရွာရှိ အမျိုးသမီးတစ်ဦးကိုအဓမ္မပြုကျင့်မှုတွင် ကျူးလွန်ခဲ့သည့်စစ်သည်သုံးဦးကို အကျဉ်းစစ် တရားချုပ်ဖြင့် စတင်စစ်ဆေးလျက်ရှိကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ဦးဂါကျေးရွာနေ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်သုံးဦးကို ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက စစ်တွေတပ်နယ်၌ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုစစ်ဆေးစဉ် တရားလိုသက်သေများ၊ တရားရုံးရှေ့နေများ၊ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင်အမျိုး သမီးကွန်ရက်မှ လေ့လာသူများလည်းတက်ရောက်ခဲ့ကြောင်း သိရသည်။ စစ်တရားရုံးအား ပွင့်လင်းမြင်သာ မှုရှိစေရေးအတွက် လေ့လာသူများနှင့် အထက်ပါပုဂ္ဂိုလ်များအား ဆင့်ခေါ်လေ့လာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ စစ်တရားရုံးမှဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီးကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်မှုကို အတည်ပြုအာဏာ ပိုင်လက်မှတ်ရေးထိုးပြီးပါက ဆက်လက်ထုတ်ပြန်မည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။















