မန္တလေးခရိုင်၌ ပြင်ပထွက်ခွာခွင့်ကတ်ပြားများ ထုတ်ယူရာနေရာများတွင် လူစုလူဝေးဖြစ်ခဲ့မှုအပေါ် ဒေသခံအချို့ စိုးရိမ်

မန္တလေးခရိုင်၌ ပြင်ပထွက်ခွာခွင့်ကတ်ပြားများ ထုတ်ယူရာနေရာများတွင် လူစုလူဝေးဖြစ်ခဲ့မှုအပေါ် ဒေသခံအချို့ စိုးရိမ်

မန္တ လေးခရိုင်အတွင်း ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းက အပြင်ထွက်ခွင့်ကတ်ထုတ်ယူသည့်နေရာအချို့တွင် လူစုလူဝေးဖြစ်ပေါ်နေမှုများအပေါ် ဒေသခံများစိုးရိမ်လျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် ဒီဇင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ Stay at Home နေထိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အသိပေးကြေညာချက်အရဈေးဝယ်ခွင့်၊ နေအိမ်အပြင်ထွက်ခွင့်၊ဆေးခန်းပြသခွင့်နှင့် ကင်းလွတ်ခွင့်ပေးထားသည့်လုပ်ငန်းများ ဆောင်ရွက်ရန်အသိအမှတ်ပြုကတ်ပြားနှင့် ထောက်ခံစာများထုတ်ယူရန်အတွက် သတ်မှတ်နေရာများသို့ လာရောက်ထုတ်ယူမှုများပြားခဲ့သည့်အတွက် ဒေသခံအချို့မှာ စိုးရိမ်ကြခြင်းဖြစ်ကြောင်း သိရသည်။

''ဘယ်လိုစီမံထားတယ်တော့ မသိဘူးဗျာ၊ ခုပုံစံက မြင်တဲ့အတိုင်း အုံနဲ့ကျင်းနဲ့ လူစုလူဝေးဖြစ်နေတော့ ရောဂါပြန့်မှာစိုးရိမ်မိပါတယ်''ဟု ထောက်ခံစာကတ်ပြား လာထုတ်သူ ကိုအောင်ကိုကိုမှ မြန်မာတိုင်းမ်သို့ ပြောသည်။ကတ်ပြားထုတ်ပေးသောနေရာများတွင်သာ လူစုလူ ဝေးဖြစ် နေ သော်လည်းဈေးချို နာရီစင်အနီးလမ်းများပေါ်တွင်ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းကစတင်၍ယာဉ်အသွားအလာများ ရှင်းလင်းခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ ခု၌ ပိုးတွေ့လူနာ ၁၆၄ ဦးရှိ ကြောင်း တိုင်းကျန်းမာရေးထုတ်ပြန်ချက်အရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး