Girl’s Day အဖွဲ့ဝင် Hyeri နဲ့ Jang Ki Yong တို့က ဇာတ်လမ်းတွဲတစ်ခုမှာ အတူတူသရုပ်ဆောင်ကြဖို့ အတည် ပြုလိုက်ပြီဖြစ်ပါတယ်။
ဇာတ်ကားနာမည်ကိုတော့ “Frighening Cohabitation” လို့ ယာယီနာမည်ပေးထားပြီး tvN ကနေ ထုတ်လွှင့်ပြသမှာပါ။
ဒီဇာတ်လမ်းတွဲဟာ အမြီးကိုးချောင်းမြေခွေး webtoon ကို အခြေခံပြီး ပြန်လည်ရိုက်ကူးမှာလည်းဖြစ်ပါတယ်။
Jang Ki Yong ကတော့ အမြီးကိုးချောင်းမြေခွေး Shin Woo Yeo နေရာကနေ သရုပ်ဆောင်ရမှာဖြစ်ပြီး Hyeri ကောလိပ်ကျောင်းသူ Lee Dam နေရာကနေ ပါဝင်ရမှာပါ။
ဇာတ်လမ်းကို စာရေးဆရာ Baek Sun Woo နဲ့ Choi Bo Rim တို့က ရေးသားထားပြီး ဒါရိုက်တာ Nam Sung Woo က ရိုက်ကူးပေးမယ်လို့သိရပါတယ်။
ထုတ်လုပ်ရေးအဖွဲ့ကလည်း အခုလိုမျိုးကျော်ကြားတဲ့ webtoon ကို ပြန်လည်ရိုက်ကူးခွင့်ရတဲ့အတွက် အလွန်ပဲပျော်ရွှင်မိကြောင်းဖွင့်ဟခဲ့ပါတယ်။
“Frighening Cohabitation” ဇာတ်လမ်းတွဲကိုတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။
















