Ji Sung, Jinyoung တို့နဲ့အတူ ဇာတ်လမ်းတွဲအသစ်မှာသရုပ်ဆောင်ဖို့ Kim Min Jung ဆွေးနွေးနေ

Ji Sung, Jinyoung တို့နဲ့အတူ ဇာတ်လမ်းတွဲအသစ်မှာသရုပ်ဆောင်ဖို့ Kim Min Jung ဆွေးနွေးနေ

Ji Sung နဲ့ GOT7 အဖွဲ့ဝင် Jinyoung တို့ ပါဝင်သရုပ်ဆောင်မယ်လို့သတင်းထွက်နေတဲ့ ဇာတ်လမ်းတွဲအသစ် မှာ Kim Min Jung လည်း ပါဝင်လာနိုင်ချေရှိနေပါတယ်။

Kim Min Jung ရဲ့ အေဂျင်စီက “Devil Judge” ဒရာမာမှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခံထားရပြီး Kim Min Jung ဘက်ကတော့ စဉ်းစားနေဆဲဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

“Devil Judge” ဒရာမာကို နောက်နှစ်ထဲမှာ tvN ကနေ ထုတ်လွှင့်ပြသဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။

Ji Sung ကို အဓိကဇာတ်ဆောင် “Devil Judge” Kang Yo Han အဖြစ် သရုပ်ဆောင်ပေးဖို့ ဆွေးနွေးပြောဆိုမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

Jinyoung ကိုလည်း တရားသူကြီး Kim Ga On နေရာကနေ ပါဝင်ပေးဖို့ ဆွေးနွေးနေပြီး Kim Min Jung ကတော့ စုံထောက် Yoon Soo Hyun နေရာကနေ သရုပ်ဆောင်ရ မှာပါ။

Kim Min Jung ရော Ji Sung ပါ ဒီဇာတ်ကားကိုလက်ခံရိုက်ကူးဖြစ်ရင် ၁၂ နှစ်အတွင်းမှာ သူတို့နှစ်ယောက်ပထမဆုံးအတူတူသရုပ်ဆောင်တဲ့ဇာတ်ကားဖြစ်လာမှာပါ။

သူတို့နှစ်ယောက်ဟာ ၂၀၀၇ ခုနှစ် တုန်းက MBC ရဲ့ “New Heart” ဆိုတဲ့ ဒရာမာမှာ အတူတူသရုပ်ဆောင်ခဲ့ဖူးတာဖြစ်ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး