နောက်လမှာ စစ်မှုထမ်းတာဝန်တရားဝင်ပြီးဆုံးမယ့် Taeil
Block B အဖွဲ့ဝင် Taeil က နောက်လမှာ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မယ်လို့သိရပါတယ်။
Taeil က ဒီဇင်ဘာ လ ၄ ရက်နေ့မှာ စစ်မှုထမ်းတာဝန်တရားဝင်မပြီးဆုံးခင်မှာ နောက်ဆုံးအနေနဲ့အားလပ်ရက်ရခဲ့တယ်လို့ ဆိုပါ တယ်။
နောက်နှစ် ၄ ရက်နေ့မှ စစ်မှုထမ်းတာဝန်တရားဝင်ပြီးဆုံးမှာဖြစ်ပေမယ့် လက်ရှိ COVID-19 အခြေအနေတွေအရ ဖြေလျှော့မှုအနေနဲ့ အခုလိုမျိုးစောစောထွက်လာနိုင်ခဲ့တာဖြစ်ပါတယ်။
စစ်မှုထမ်းခဲ့တဲ့ ၁ နှစ်နဲ့ ၇ လ အတွင်းမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေနဲ့ အမှတ်တရတွေကိုပြုလုပ်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့အရာ တွေကိုသင်ယူခဲ့ရလို့ တန်ဖိုးရှိတဲ့အချိန်တွေကိုဖြတ်သန်းခဲ့ရတယ်လို့ Taeil ပြောခဲ့ပါတယ်။
















