ပထမဆုံး ရင်သွေးလေးမွေးဖွားခဲ့တဲ့ Victoria’s Secret မော်ဒယ်လ် Romee Strijd
Romee Strijd က ခင်ပွန်းဖြစ်သူ Laurens Van Leeuwen နဲ့ သူမတို့ရဲ့ပထမဆုံးရင်သွေးလေးကို မွေးဖွား လိုက်ပြီဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် မော်ဒယ်လ် Romee ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့အင်စတာ ဂရမ်မှာ သမီးလေး Mint ကို နို့တိုက်နေတဲ့ချစ်စဖွယ်ဓာတ်ပုံလေးကို တင်ခဲ့ပါတယ်။
သူမကသမီးလေးကို ပွေ့ဖက်ထားရတဲ့ခံစားချက်ကအလွန်ပဲထူးခြားပြီး အရမ်းချစ်ရပါတယ်လို့ပြောခဲ့ပါတယ်။
သူမဟာ ကိုယ်ဝန် ဆောင်ရာမှာ အခက်အခဲရှိနေတာကြောင့် သမီးလေးကိုကိုယ်ဝန်ဆောင်ရဖို့ နှစ်နှစ်လောက်ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။
Romee ဟာ Laurens နဲ့ ချစ်သူသက်တမ်း ၈ နှစ်အကြာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။
















