ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ်ကို ကျန်းမာရေးဝန်ကြီးအဖြစ် ဂျိုးဘိုင်ဒင် အမည်စာရင်းတင်သွင်း

ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ်ကို ကျန်းမာရေးဝန်ကြီးအဖြစ် ဂျိုးဘိုင်ဒင် အမည်စာရင်းတင်သွင်း

အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်သည် ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ဇေဗီယာဘာဆဲရာအား ကျန်းမာ ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက် ၆၂ နှစ်အရွယ်ရှိ ဘာဆဲရာသည် လွှတ်တော်မှ အတည်ပြု ချက်ရယူပြီးနောက်၌် ဘိုင်ဒင်အစိုးရအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးရာထူးကို စတင်တာဝန်ယူမည်ဖြစ်ပြီး COVID-19 တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ် များကို ဦးဆောင်မည်ဖြစ်သည်။

ထို့ပြင် ၎င်းသည် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူမှုရေးရာဌာနများတွင် တာဝန်ထမ်းဆောင်သည့် ပထမ ဆုံးသော တောင်အမေရိကတိုက်သား ဖြစ်လာမည်ဖြစ်သည်။

ဒီမိုကရက်တစ်လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သော ဘာဆဲရာ သည် ၂၀၀၉ မှ ၂၀၁၀ အတွင်း သမ္မတ အိုဘားမား၏ လက်အောက်၌ ကျန်း မာရေးစောင့်ရှောက်မှုစီမံချက်များကို ဦးဆောင်ဦးရွက်ပြုခဲ့သူဖြစ်သည်။

ထို့ အပြင် အိုဘားမား၏ အမိန့်ဖြင့် ဆောင်ရွက်သော ‘’Obamacare’’ စီမံချက် ကိုလည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

သို့သော် အမေရိကန်တွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော COVID-19 အခက်အခဲနှင့် အကျပ်အတည်းများသည် လာမည့် အစိုးရသစ် လက်ထက်တွင် ဘာဆဲရာအတွက် စိန်ခေါ်မှုများ ဖြစ်လာတော့မည်ဖြစ် သည်။

အမေရိကန်တွင် COVID-19 ကာကွယ်ဆေး ရရှိနေပြီဖြစ်သော်လည်း သန်းပေါင်းများစွာသော ပြည်သူများအတွက် မည်သည့်အချိန်တွင် မည်သို့မည်ပုံ ဖြန့်ဖြူးသွားမည်ဆိုခြင်းနှင့် ကာကွယ် ဆေးထိုးနှံမည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ဘာဆဲရာ၏ လက်ထက်တွင် COVID-19 ကပ်ရောဂါဆိုင် ရာ အခက်အခဲများမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာဖွယ်ရှိနေသည်။