ကနေဒါတွင် ဒီဇင်ဘာ ၆ ရက်၌ COVID-19 ကူးစက်သူသစ် ၆၀၀၀ ကျော်ရှိ

ကနေဒါတွင် ဒီဇင်ဘာ ၆ ရက်၌ COVID-19 ကူးစက်သူသစ် ၆၀၀၀ ကျော်ရှိ

ကနေဒါနိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်၌ တစ်ရက်အတွင်း COVID-19 ကူး စက်သူသစ် ၆၂၆၁ ဦးရှိပြီး သေဆုံးသူ ၇၆ ဦးရှိကြောင်း ရိုက်တာသတင်းဌာ န၏ ဖော်ပြချက်အရ သိရသည်။

ကနေဒါနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူ ၄၁၅၁၈၂ ဦးရှိ ပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်းမှာ ၁၂၆၆၅ ဦးရှိပြီဖြစ်ကြောင်း ရိုက်တာက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြည်တွင်း၌ COVID-19 ကာကွယ်ဆေး ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစီအစဉ်များ ဆောင်ရွက် နေပြီဖြစ်သော်လည်း ထောက်ပံ့ပို့ဆောင်ရေးနှင့် သိုလှောင်သိမ်းဆည်းရေး ကဏ္ဍများတွင် စိန်ခေါ်မှုများ ရှိနေဦးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဌာန အကြီးအကဲ ထရီဇာတမ်က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ကနေဒါပြည်သူများအနေဖြင့် ကာကွယ်ဆေး ရရှိပြီးပါကလည်း ကပ်ရောဂါကြီးအား ဆက်လက်တိုက်ပွဲဝင်သွားသင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

‘’ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကနဦး ဖြန့်ဖြူးပို့ဆောင်ပေးမှုတွေက တော့ ၂၀၂၁ ခုနှစ်အစောပိုင်းလောက်မှာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဖြန့်ဖြူး ပေးတဲ့နေရာမှာတော့ အစကတည်းက ကန့်သတ်မှုတွေ ရှိပြီးသား ဖြစ်ပါ တယ်။ ကနေဒါနိုင်ငံဟာ အားလုံးဘေးကင်းလုံခြုံစေနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပြီး ထိရောက်တဲ့ COVID-19 ကာကွယ်ဆေးကို ပြည်သူတွေအကုန်လုံး ရရှိစေမှာ ဖြစ်ပါတယ်’’ ဟု ထရီဇာတမ်က ပြောကြားခဲ့သည်။