၎င်း၏ အထူးရှေ့နေဖြစ်သူ ရူဒီဂျူလီယာနီသည် COVID-19 ကူး စက်ခံထားရပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၆ ရက်တွင် တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။
အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဂျူလီယာနီသည် အမေရိကန်နိုင်ငံ ဥပဒေရေးရာလောကတွင် အတွေ့အကြုံမြင့်မားသူတစ်ဦးဖြစ်ပြီး ရွေး ကောက်ပွဲအလွန်ကာလတွင် ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့၏ တရားဥပဒေကြောင်းအရ တရားစွဲဆိုမှုများကို ဦးဆောင်နေသူဖြစ်သည်။
ထို့ ကြောင့် ဂျူလီယာနီ အမြန်ပြန်လည်သက်သာလာစေရန် ထရမ့်က ဆု တောင်းပေးခဲ့ပြီး ရွေးကောက်ပွဲအပေါ် တရားဥပဒေကြောင်းအရ ရင်ဆိုင်နေ မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တွစ်တာ၌ ရေးသား ဖော်ပြခဲ့သည်။
‘’နယူးယောက်မြို့တော် ရှေ့နေသမိုင်းကြောင်းမှာ အကြီးမြတ်ဆုံးဖြစ် ရှေ့နေတစ်ဦးဖြစ်ပြီး အမေရိကန်သမိုင်းမှာ အကျင့်ပျက်ခြစားမှုအရှိဆုံး ရွေးကောက်ပွဲကို တရားဥပဒေကြောင်းအရ ရင်ဆိုင်နေရတဲ့ ဂျူလီယာနီဟာ တရုတ်ကလာတဲ့ဗိုင်းရပ်စ်ပိုး ကူးစက်ခံလိုက်ရတယ်ဗျာ။ သူ အမြန်ဆုံး ပြန် ကောင်းလာပါစေ။ ကျွန်တော်တို့ အလုပ်တွေ ဆက်ပြီး လုပ်ကြမယ်’’ ဟု ထရမ့်က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
နယူးယောက်မြို့တော်ဝန်တစ်ဦးလည်းဖြစ်သော ဂျူလီယာနီသည် လက်ရှိတွင် ဝါရှင်တန်မြို့တော်ရှိ ဆေးရုံတစ်ခု၌ ဆေးကုသမှုခံယူနေရ ကြောင်း ဒေသတွင်းသတင်းဌာနကများက ဖော်ပြသည်။
၎င်းသည် သမ္မတ ထရမ့်ကဲ့သို့ပင် နှာခေါင်းစည်းတပ်သည့် အပြုအမူကို မနှစ်သက်သူဖြစ်ပြီး အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် နှာခေါင်းစည်း မတပ်ဘဲ သွားလာခြင်း၊ လူအများနှင့် စကားပြောဆိုခြင်းများ ပြုလုပ်ခဲ့သူဖြစ်သည်။
ထရမ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်နေ သော ရှေ့နေတစ်ဦးဖြစ်သည့် အန်ဒရူးဂျူလီယာနီမှာ ရူဒီဂျူလီယာနီ၏ သားဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပတ်တွင် COVID-19 ကူးစက်ခံခဲ့ရသူဖြစ်သည်။
အန်ဒရူးဂျူလီယာနီသည် အိမ်ဖြူတော်တွင် ထရမ့်၏ လူထုဆက်သွယ်ရေး တာဝန်ခံရာထူးကိုလည်း ထမ်းဆောင်နေသူဖြစ်သည်။

















