လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်မည်ဖြစ်၍ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၉ မြို့နယ်ရှိရပ်ကွက်အချို့တွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် 66 KV၊ 33 KV ဓာတ်အားခွဲရုံများ၊Distribution Transformer များထိန်းသိမ်းပြုပြင်ခြင်း၊ဟောင်းနွမ်း၍ ဝန်အားမနိုင်သော 11 KV ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းရေးလုပ်ငန်းများအား ဒီဇင်ဘာ ၈ ရက်တွင်ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
ထိုလုပ်ငန်းများဆောင်ရွက်စဉ်နံနက် ၉ နာရီမှ ၁၂ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်းဖော်ပြထားသည်။ ထို့အတွက်ကြောင့်ရန်ကုန်တိုင်းအတွင်းရှိဒဂုံမြို့သစ်(တောင်ပိုင်း)၊သဃင်္န်းကျွန်း၊ တောင်ဥက္ကလာပ၊သာကေတ၊ ဒေါပုံ၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မရမ်းကုန်း၊ ဗဟန်း၊ လှိုင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ထန်းတပင်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မြောင်းတကာ အစရှိသည့် မြို့နယ်များရှိရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မှုအနည်းငယ်ရှိနိုင်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။
ထိုသို့လုပ်ငန်းများဆောင်ရွက်စဉ် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအပေါ်ပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးရန်အတွက်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးပန်ကြားထားသည်။















