တမူးမြို့၌ ယာဉ်ရပ်နားစခန်းဝင်းတည်ဆောက်နေမှု ရာနှုန်းပြည့် ပြီးစီး

တမူးမြို့၌ ယာဉ်ရပ်နားစခန်းဝင်းတည်ဆောက်နေမှု ရာနှုန်းပြည့် ပြီးစီး

စစ်ကိုင်းတိုင်း တမူးမြို့ ယာဉ်ရပ်နားစခန်းဝင်းတည်ဆောက်လျှက်ရှိရာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းမြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးမျိုးမင်းထွန်းထံမှသိရသည်။

''ယာဉ်ရပ်နားစခန်းဝင်းက တမူးမြို့စန္ဒကူးရပ်ကွက်၊ ကံကြီးဝလမ်းဘေးကမြေငါးဧကအကျယ်မှာ တည်ဆောက်နေတာ ရာနှုန်းပြည့် တည်ဆောက်ပြီးပါပြီ။ အခန်းပိုင်ရှင်တွေကိုလည်းအခန်းအပ်နှံပြီးဖြစ်ပါတယ်။ ယာဉ်ရပ်နားစခန်းကို ကိုယ်ထူကိုယ်ထစနစ်နဲ့မြို့နယ်စည်ပင်က တည်ဆောက်နေတာဖြစ်ပါတယ်'' ဟု ဦးမျိုးမင်းထွန်းကပြောသည်။

ယာဉ်ရပ်နားစခန်းဝင်းအတွင်းကုန်ကားကြီးဂိတ်ခန်းကိုးခန်း၊ မှန်လုံကားကြီးဂိတ်ခန်းကိုးခန်း၊ ကားလေးဂိတ်ခန်း ၂၂ ခန်း၊ စားသောက်ဆိုင်ခန်းအခန်း ၂ဝ နှင့် စတိုးဆိုင်ခန်း ၁၂ဝရှိကြောင်း သိရသည်။

''ခရီးသည်တွေ သွားလာရေးအဆင်ပြေစေဖို့ မြို့ထဲလမ်းတွေမှာကားသွားလာမှုမကြပ်စေဖို့နဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်စေဖို့အတွက် ယာဉ်ရပ်နားစခန်းဝင်းတွေ စစ်ကိုင်းတိုင်းထဲမှာအကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း မုံရွာ၊ ကသာ၊အင်းတော်၊ ကလေး၊ တမူးစသည့်မြို့များတွင်လည်း ယာဉ်ရပ်နားစခန်းဝင်းနှင့် ကုန်တင်ယာဉ်ရပ်နားဝင်းများတည်ဆောက်ထားသလို ထပ်မံတည်ဆောက်ရန် စီစဉ်နေမှုများရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး