ဆံပင်ကိုသက်တန့်ရောင်ခြယ်လိုက်တဲ့ Lee Young Ji
ရက်ပ်အဆိုတော် Lee Young Ji ကတော့ ဘယ်သူနဲ့မှမတူတဲ့ဆံပင်စတိုင်လ်သစ်ကိုသူမရဲ့အင်စတာဂရမ် ကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပါတယ်။
သူမကရှေ့ဆံပင်ကိုထူးထူးခြားခြားသက်တန့်ရောင်ဆေးဆိုးထားတာပဲဖြစ်ပါတယ်။
Lee Young Ji က အဲဒီ့ပုံနဲ့အတူသူမနဲ့ရွယ်တူတွေကလည်းကိုယ့်မျက်နှာကိုဓာတ်ပုံတွေ အမျိုးမျိုးရိုက်နေကြမှာပဲဆိုပြီးစာရေးသားထားပါတယ်။
ဒီအရေးအသားရ Lee Young Ji တစ်ယောက် တစ်ခုခုအတွက် ဓာတ်ပုံရိုက်ကူးရေလုပ်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
Lee Young Ji ကတော့ အသက် ၁၈ နှစ်သာရှိသေးပြီး မနှစ်ကမှ အနုပညာလောကထဲကိုဝင်ရောက်လာသူဖြစ်ပါတယ်။
















