Lee Seung Gi ရဲ့ အယ်လ်ဘမ်သစ်မှာ RM နဲ့ J-Hope တို့ ပါဝင်သီဆိုထား
မင်းသား Lee Seung Gi ရဲ့ comeback အယ်လ်ဘမ်မှာ BTS အဖွဲ့ဝင် RM နဲ့ J-Hope တို့ ပါဝင်သီဆိုသွားမယ် လို့ သိရပါတယ်။
Lee Seung Gi ရဲ့ "The Project" ဆိုတဲ့အခွေအသစ်မှာပါဝင်လာမယ့်သီချင်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကပရိသတ်တွေကိုကြိုတင်အသိပေးခဲ့ရာမှာ ပြီးခဲ့တဲ့နိုဝင်ဘာလကထွက်ခဲ့တဲ့ "The Ordinary" သီချင်းလည်း ပြန်လည်ပါဝင်လာမှာကိုတွေ့ရပါတယ်။
အခွေရဲ့ ၇ ပုဒ်မြောက်သီချင်းဖြစ်တဲ့ "The Song That Will Make You Smile" ကတော့ ပရိသတ်တွေကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။
အကြောင်းရင်းကတော့ RM နဲ့ J-Hope တို့ featuring ပါဝင်သီဆိုပေးထားတာကြောင့်ပါ။
Lee Seung Gi ရဲ့ "The Project" အခွေကတော့ မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာထွက်ရှိလာမှာပဲဖြစ်ပါတယ်။
















