COVID-19 ရောဂါပိုးမရှိအဖြေထွက်ခဲ့တဲ့ မင်းသမီး Park So Dam

COVID-19 ရောဂါပိုးမရှိအဖြေထွက်ခဲ့တဲ့ မင်းသမီး Park So Dam

"L'Etudiante et Monsieur Henri" ပြဇာတ်တာဝန်ရှိသူကရှိုးကိုနှစ်ပတ်ကြာဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

မင်းသမီး Park So Dam က COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ သူမရဲ့ကုမ္ပဏီဝန်ထမ်းတစ်ယောက်နဲ့ ထိတွေ့မိခဲ့တာကြောင့် ဆေးစစ်ခဲ့ရပြီး ပိုးမရှိ negative အဖြေထွက်ခဲ့ပါ တယ်။

အဲဒီ့ပိုးတွေရှိသူဝန်ထမ်းဟာဒီဇင်ဘာလ ၃ ရက်နေ့တုန်းက Park So Dam ကိုတွေ့ဖို့ ပြဇာတ် အဆောက်အဦကိုလည်းလာရောက်ခဲ့တာကြောင့် ကူးစက်ပြန့်ပွားမှုတွေထပ်မံမမြင့်တက်ဖို့အတွက်ရော အဖွဲ့သားတွေအားလုံးရဲ့ ကျန်းမာရေးအခြေအနေလုံခြုံမှု ရှိဖို့ ပြဇာတ်ကို နှစ်ပတ်ကြာရပ်နားလိုက်ရတာဖြစ်ပါတယ်။

အကြောင်းကိစ္စတစ်စုံတစ်ရာထပ်မံမပေါ်ပေါက်ခဲ့ရင်တော့ ပြဇာတ်ကိုဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်မှာပဲဖြစ်ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး