Min Pechaya က Thai TV3 ရဲ့ ဇာတ်လမ်းတွဲအသစ်မှာခေါင်းဆောင်နေရာကနေပါဝင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
မင်းသမီးMin Pechaya က Thai TV3 ရဲ့အကြီးအကဲKhun Dew နဲ့လည်းတွေ့ဆုံပြီးသွားပြီလို့ဆိုပါတယ်။
Khun Dew နဲ့ ဇာတ်လမ်းတွဲအသစ်အကြောင်းဆွေးနွေးခဲ့ပြီးဓာတ်ပုံလည်းအတူတူရိုက်ခဲ့တာကြောင့် ဇာတ်ကားလက်ခံရိုက်ကူးဖို့အလားအလာကောင်းနေတယ်လို့ ပြောလို့ရပါတယ်။
Min Pechaya က သရုပ်ဆောင်တွေအားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် Pope Thanawatနဲ့ အလုပ်အတူတွဲလုပ်ရင်လည်းသူမအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
Khun Dewကလည်းဇာတ်လမ်းတွဲအသစ်အတွက် Min Pechayaနဲ့ ဆွေးနွေးနေတယ်ဆိုတာသာပြောထား ပြီးMin Pechayaနဲ့အတူဘယ်သရုပ်ဆောင်ပါဝင်လာမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။
















