Disney+ မှာ “Mulan” ကို အခမဲကြည့်ရှုလို့ရပြီ

Disney+ မှာ “Mulan” ကို အခမဲကြည့်ရှုလို့ရပြီ

မတ်လ ၉ ရက်နေ့မှာ ပွဲဦးထွက်ပြသခဲ့တဲ့ “Mulan” live-action ရုပ်ရှင်ဟာ မူလကရုံတင်ပြသဖို့စီစဉ်ထားပေ မယ့်လည်း COVID-19 ကူးစက်ရောဂါကြောင့် ရုံတင်ရက်ကိုအကြိမ်ပေါင်းမျာစွာရွှေ့ဆိုင်းခဲ့ရပြီး နောက်ဆုံးမှာ တော့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး Disney+ မှာ ပြသခဲ့ပါတယ်။

“Mulan” ရုပ်ရှင်ကိုကြည့်ချင်တဲ့ပရိသတ် တွေဟာ Disney+ ပုံမှန်လစဉ်ကြေးအပြင် အပိုဆောင်းငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၀ ထပ်မံပေးဆောင်ပြီး မှ ကြည့်ရှု ခွင့်ရခဲ့တာဖြစ်ပါတယ်။

အခုတော့ Disney+ subscribe ပုံမှန်လစဉ်ကြေးပေးသွင်းထားသူတွေ အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကနေစတင်ပြီး အပိုငွေထပ်မံပေးစရာမလိုပဲ အခမဲ့ကြည့်ရှုနိုင်ပြီလို့သိရပါတယ်။

“Mulan” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Niki Caro က ရိုက်ကူးထားပြီး Yifei Liu က Mulan ဇာတ်ကောင်အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး