နျူကလီးယားထိပ်တန်းသိပ္ပံပညာရှင်အား လုပ်ကြံသတ်ဖြတ် မှုတွင် ဂြိုဟ်တုအသုံးပြုထိန်းချုပ်ရေးစနစ်သုံး စက်သေနတ်အား အသုံး ပြုခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ အီရန်နိုင်ငံပိုင် Tasnim သတင်းဌာနက ဒီဇင်ဘာ ၈ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အီရန်၏ နာမည်ကျော် သိပ္ပံပညာရှင် မိုဆန်ဖာခရီဇာဒက်သည် လွန်ခဲ့ သည့် နိုဝင်ဘာလ ၂၇ ရက်တွင် တီဟီရန်မြို့အပြင်၌ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပြီး ကနဦးသတင်းများအရ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု၏ လုပ်ရပ် ဟု သတင်းထွက်ခဲ့သော်လည်း ယခုတွင်မူ ဂြိုဟ်တုအသုံးပြုထိန်းချုပ်ရေးစ နစ်သုံး စက်သေနတ်အား အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း Tasnim သတင်းဌာန က ရေးသားဖော်ပြခဲ့သည်။
၎င်းအား လုပ်ကြံသတ်ဖြတ်ခဲ့သော နေရာတွင် အကြမ်းဖက်အဖွဲ့ လှုပ် ရှားမှုပုံစံမျိုး လုံးဝမတွေ့ရဘဲ မောင်းသူမဲ့ ဟိုင်းလပ်မော်တော်ကား တစ်စီးကို သာ တွေ့ရပြီး စက်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရ သည်။
ယခုအသုံးပြုခဲ့သော ဂြိုဟ်တုစနစ်တွင် မြင်ကွင်းအား အကျဉ်းအကျယ် ပြုလုပ်နိုင်သော အဆင့်မြင့်ကင်မရာ လုပ်ဆောင်ချက်မျိုး ပါရှိပြီး လုပ်ကြံ သတ်ဖြတ်မည့်သူ၏ ပုံရိပ်အား ဂြိုဟ်တုစနစ်မှတစ်ဆင့် အတည်ပြုချက်ရယူ ပြီးနောက် စက်သေနတ် တပ်ဆင်ထားသည့် ဟိုင်းလပ်ကားအား အဝေးထိန်း စနစ်ဖြင့် မောင်းနှင်ကာ ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း အီရန် လုံခြုံရေး တပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် အလီဖဒါဗီက ပြောကြားခဲ့သည်။
‘’မြေပြင်အခြေအနေမှာ အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုမျိုး မတွေ့ခဲ့ရပါ ဘူး။ ဒီဖြစ်စဉ်မှာ မြင်ကွင်း အကျဉ်းအကျယ်လုပ်ဆောင်နိုင်တဲ့ ကင်မရာကို အသုံးပြုသွားခဲ့ပြီး အာဇာနည်ကြီးဖြစ်တဲ့ မိုဆန်ဖာဂရီဇာဒက်ကားမောင်း လာစဉ်မှာ ဂြိုဟ်တုကနေ ထိန်းချုပ်မောင်းနှင်တဲ့ ဟိုင်းလပ်ကားနဲ့အတူ စက် သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသွားခဲ့တာပါ’’ ဟု အလီဖဒါဗီက ပြောကြားသွား ခဲ့သည်။
အီရန်သည် ယခင်က ၎င်း၏ ရန်သူတော်ဖြစ်သော အစ္စရေးအား စွပ်စွဲ ခဲ့သော်လည်း လက်ရှိအချိန်တွင်မူ နည်းပညာမြင့်မားသော လုပ်ကြံသတ် ဖြတ်မှုမျိုးဖြစ်ခြင်းကြောင့် ဥရောပနှင့် အနောက်နိုင်ငံများဘက်သို့ မြားဦး လှည့်ဖွယ်ရှိနေသည်။ ဖာဂရီဇာဒက် လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး အစ္စရေး က ဝန်ခံခြင်းမရှိသလို တုံ့ပြန်ခြင်းလည်း မရှိခဲ့ပေ။

















