စစ်တပ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် လွိုက်ဒ်အော်စတင်ကို ဂျိုးဘိုင်ဒင် ခေါ်ယူဟု သတင်းထွက်

စစ်တပ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် လွိုက်ဒ်အော်စတင်ကို ဂျိုးဘိုင်ဒင် ခေါ်ယူဟု သတင်းထွက်

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်သည် စစ်တပ်မှ အနားယူခဲ့ပြီးဖြစ်သည့် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သော လွိုက်ဒ်အော်စတင် ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ရိုက် တာသတင်းဌာန၏ ဒီဇင်ဘာ ၈ ရက် ဖော်ပြချက်အရ သိရသည်။ 

ထို့ကြောင့် အော်စတင်သည် အမေရိကန်ပြည်ထောင်စု သမိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်ခွင့်ရမည့် ပထမဆုံးသော အာဖရိကန်-အမေရိကန်မျိုးနွယ်ဖွားတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အော်စတင်သည် ၂၀၀၃ ခုနှစ်တွင် ဘဂ္ဂဒက်စစ်ဆေးရေး၌ အမေရိ ကန်တပ်ရင်းများကို ကွပ်ကဲခဲ့သူဖြစ်ပြီး စစ်တပ်မှ အနားယူချိန်တွင် ဗိုလ်ချုပ်အဆင့်အထိ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသူဖြစ်သည်။

အော်စတင်အား ကာကွယ်ရေးဝန်ကြီးအဖြစ် တရားဝင် အမည်စာရင်း တင်သွင်းရန်အတွက် ဂျိုးဘိုင်ဒင်က လာမည့် ဒီဇင်ဘာ ၁၁ ရက်တွင် ဆောင်ရွက်ဖွယ်ရှိကြောင်း အမေရိကန်အခြေစိုက် CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သော အော်စတင်သည် ပင်တဂွန်အား ဦးဆောင်ခွင့်ရရှိရန်အတွက် လွှတ်တော်၏ အတည်ပြုချက်လိုအပ်ဦးမည်ဖြစ် ပြီး ပြည်ထောင်စုဥပဒေအရ လွှတ်တော်မှ ထုတ်ပေးသည့် ရာထူးစွန့်လွှတ် ကြောင်း အတည်ပြုစာကိုလည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု ဥပဒေတွင် စစ်တပ်အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီး အနားယူပါက ရာထူးစွန့်လွှတ်ကြောင်း စာကို လွှတ် တော်၏ အတည်ပြုချက်ရယူရန် ၇နှစ်ကြာအထိ စောင့်ဆိုင်းရကြောင်းသိရ သည်။

ယင်းဥပဒေသည် ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်တပ်ဗိုလ်ချုပ် ဟောင်းများ အာဏာလွှမ်းမိုးစေနိုင်ရေး မရှိစေဘဲ အရပ်သား ပညာရှင်များ ကို နေရာပေးနိုင်ရန် ရည်ရွယ်ကာ ရေးဆွဲထားသည့်ဥပဒေတစ်ရပ် ဖြစ်သည်။

သို့သော် လွှတ်တော် ဥပဒေပြုရေးအမတ်များ၏ ထောက်ခံဆန္ဒမဲ ရရှိပါက ဗိုလ်ချုပ်ဟောင်းတစ်ဦးသည် စစ်တပ်မှ အနားယူပြီးနောက် ၇ နှစ် စောင့်ဆိုင်းရန်မလိုဘဲ ကာကွယ်ရေးဝန်ကြီး ရာထူးကို ထမ်းဆောင်ခွင့်ရှိ ကြောင်း သိရသည်။