ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စင်ကာပူ ရွေးချယ်ခံရ

ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စင်ကာပူ ရွေးချယ်ခံရ

၂၀၂၁ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) ၏ အထူးနှစ်ပတ်လည် အစည်းအဝေးအား လာမည့်နှစ်မေလတွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရွေးချယ်ခံရကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ကမ္ဘာ့ထိပ်သီးနိုင်ငံများမှ ပညာရှင်များတက်ရောက်ကြမည်ဖြစ်ပြီး မျက်နှာ ချင်းဆိုင် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာကြီးတွင် လက်ရှိရင်ဆိုင်နေရသော COVID-19 ကပ်ရောဂါဆိုင် ရာ အကျပ်အတည်းများနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေး အခန်း ကဏ္ဍများကို ယင်းဖိုရမ်တွင် အဓိက ဦးစားပေး၍ ဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်အား ပုံမှန်အားဖြင့် ဆွစ်ဇာလန်နိုင်ငံတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော်လည်း အိမ်ရှင်နိုင်ငံ၏ လူထုအခြေပြု ကျန်းမာရေး၊ ဘေး ကင်းလုံခြုံမှုနှင့် အစည်းအဝေးတက်ရောက်လာသူများအတွက် ဘေးကင်း လုံခြုံစိတ်ချရေးတို့အတွက် ဦးစားပေးကာ စင်ကာပူနိုင်ငံအား ရွေးချယ်သတ် မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူအား အိမ်ရှင်အဖြစ် ရွေးချယ် ရန်အတွက် ထိပ်သီးခေါင်းဆောင်များ အကြိတ်အနယ် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်အား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရန်အတွက် ရွေး ချယ်ခံရခြင်းမှာ COVID-19 ကပ်ရောဂါအပေါ် ၎င်းတို့နိုင်ငံ၏ ထိန်းချုပ်ကိုင် တွယ်မှုနှင့် စီမံခန့်ခွဲမှုများအပေါ် ယုံကြည်မှုရှိခြင်းအား ပြသရာရောက်ခဲ့ ကြောင်း စင်ကာပူ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။