လူအများအား COVID-19 ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံရန် အမိန့်ညွှန်ကြားမှုတစ်ရပ် ထုတ်ပြန်ခြင်းထက် ကာကွယ်ဆေး၏ ကောင်းကျိုး သက်ရောက်မှုများကို ရှင်းလင်းပြောဆိုကာ ဆွဲဆောင်ခြင်းက ပိုမိုထိရောက် မှုရှိလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
COVID-19 ကပ်ရောဂါအား ကာကွယ်တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတစ်ခုချင်းစီအလိုက် ၎င်းတို့သက်ဆိုင်ရာ အစိုးရ၏ စီမံခန့်ခွဲမှုဖြင့်သာ ဆောင်ရွက်သွားလိမ့်မည်ဖြစ်ပြီး WHO က တိုက်ရိုက်သတ်မှတ်သည့် တစ် သမတ်တည်းပုံစံမျိုး မရှိကြောင်း သိရသည်။
WHO သမိုင်းကြောင်းတွင် ကာကွယ်ဆေးအား မဖြစ်မနေ ထိုးနှံရန် အတွက် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့မှုအပေါ် ဆန့်ကျင်သည့် ဖြစ်ရပ် များ ဥပမာအဖြစ် ရှိနေခြင်းကြောင့် ယခုတစ်ကြိမ်တွင်လည်း မဖြစ်မနေ ထိုး နှံရမည်ဟု အမိန့်ထုတ်ပြန်ပါက အမှားအယွင်းများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ် ကြောင်း ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက အခိုင်အမာ ပြောဆိုထား သည်။
‘’ဒီလို ကာကွယ်ဆေးမျိုးအတွက် မဖြစ်မနေ ထိုးနှံရမယ်ဆိုတဲ့ ညွှန် ကြားချက်မျိုးတော့ ရှိမယ်လို့ ကျွန်မ မထင်မိဘူး။ အဲဒါမျိုး မလုပ်ဘဲနဲ့ ကာ ကွယ်ဆေးရဲ့ ကောင်းကျိုးတွေပြောပြီး ဆွဲဆောင်တာက ပိုကောင်းပါလိမ့် မယ်။ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်ဆိုပြီး ဘယ်နိုင်ငံကမှ အမိန့် ထုတ်မယ်လို့ ကျွန်မ မထင်ဘူး’’ ဟု WHO ၏ ကာကွယ်ဆေးထိုးနှံခြင်းလုပ် ငန်းဌာနအကြီးအကဲ ကိတ်အိုဘရိုင်ယန်က ပြောကြားခဲ့သည်။
ထို့ပြင် ကာကွယ်ဆေးအား လူအများ လက်ခံယုံကြည်လာစေရန် ကျန်းမာရေးဌာနများအနေဖြင့် ကာကွယ်ဆေးနှင့် သက်ဆိုင်သော သတင်း အချက်အလက်များကို အများပြည်သူမြင်သာစေရန် ချပြကာ ဆွဲဆောင်သင့် ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

















