ကမ္ဘာပေါ်တွင် COVID-19 ကာကွယ်ဆေး ပထမဆုံးစတင်ထိုးနှံခံရသူ မာဂရက်ကီးနန်ဖြစ်လာ

ကမ္ဘာပေါ်တွင် COVID-19 ကာကွယ်ဆေး ပထမဆုံးစတင်ထိုးနှံခံရသူ မာဂရက်ကီးနန်ဖြစ်လာ

မြောက်အိုင်ယာလန်နိုင်ငံတွင် နေထိုင်သူ အသက် ၉၀ အရွယ်ရှိ အဘွားအို မာဂရက်ကီးနန်သည် ကမ္ဘာပေါ်တွင် COVID-19 ကာကွယ်ဆေး ကို ပထမဆုံး စတင်ထိုးနှံခံရသူဖြစ်လာကြောင်း သိရသည်။

ပြည်သူများအား COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို ဗြိတိန်နိုင်ငံတွင် ဒီဇင်ဘာ ၈ ရက်၌ စတင်ခဲ့ပြီး Pfizer မှ ထုတ်လုပ်သော ကာကွယ်ဆေးကို စတင်ထိုးနှံခြင်းဖြစ်သည်။

၎င်းသည် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်း၌ ကိုဗင်ထရီမြို့ရှိ ဆေးရုံတစ်ခုသို့ ရောက်ရှိလာပြီးနောက် ဒေသစံတော်ချိန် ၆ နာရီ ၃၁ မိနစ်တွင် ကာကွယ်ဆေး ထိုးနှံခြင်းခံယူခဲ့သည်။

သူမသည် လာမည့်တစ် ပတ်ဆိုလျှင် အသက် ၉၁ နှစ် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံခြင်းခံယူသည့် မာဂ ရက်ကီးနန်သည် ဆေးရုံတွင်းသို့ ဘီးတပ်ကုလားထိုင်ဖြင့် ဝင်ရောက်လာခဲ့ ချိန်တွင် လျှောက်လမ်းဘေးတစ်ဖက်တစ်ချက်စီ၌ ကျန်းမာရေးဝန်ထမ်းများ က လက်ခုပ်သြဘာပေး၍ ကြိုဆိုခဲ့ကြသည်။

ထို့ပြင် ဗြိတိန်သည် COVID-19 ကာကွယ်ဆေးကို စတင်ထိုးနှံသော ကမ္ဘာ့ပထမဆုံး ဥရောပနိုင်ငံ ဖြစ်လာ ခဲ့သည်။

‘’COVID-19 ကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ ပထမဆုံး ထိုးနှံခွင့်ရလို့ အခွင့်ထူးခံလူတစ်ဦးလို ခံစားနေရပါတယ်။ ဒါက ကျွန်မ အလိုချင်ဆုံးဖြစ်တဲ့ အစောဆုံး မွေးနေ့လက်ဆောင်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ နှစ်သစ်ကူး ကာလမှာ ကျွန်မရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ အချိန်ဖြုန်းနိုင်တော့မှာဖြစ်လို့ပါ’’ ဟု မာဂရက်ကီးနန်က ပြောကြားခဲ့သည်။