foodpanda က မြန်မာနိုင်ငံစျေးကွက်အတွင်း ရပ်တည်မှု တစ်နှစ်ပြည့်ပြီး မြို့ကြီး ၉ မြို့တွင် ဝန်ဆောင်မှုပေးနေ

foodpanda က မြန်မာနိုင်ငံစျေးကွက်အတွင်း ရပ်တည်မှု တစ်နှစ်ပြည့်ပြီး မြို့ကြီး ၉ မြို့တွင် ဝန်ဆောင်မှုပေးနေ

အာရှပစိဖိတ်တစ်ဝှမ်းရှိ ထိပ်တန်းအွန်လိုင်းအစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော foodpanda သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် တစ်နှစ်အတွင်း စားသုံးသူများနှင့် မိတ်ဖက်လုပ်ငန်းရှင်များဆီမှ အသိအမှတ်ပြုမှုများစွာ ရရှိခဲ့ပြီးဖြစ်သည်။

ယခုလက်ရှိတွင် မြို့ကြီး ၉ မြို့တို့တွင် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းစတင် စမ်းသပ်လည်ပါတ်ခဲ့သည့် foodpanda သည် လက်ရှိတွင် စားသုံးသူများ၏ မှာယူမှုများကို ထောင်ချီသော မိတ်ဖက်စားသောက်ဆိုင်များ၊ ပို့ဆောင်ပေးသူများနှင့် ပူးပေါင်းကာ စားသုံးသူများထံ အချိန်တိုအတွင်း လျင်မြန်စွာ ပို့ဆောင်ပေးလျက်ရှိပြီး စားသုံးသူများ၏ ယုံကြည် စိတ်ချမှုများကို ရရှိထားသည့်ဝန်ဆာင်မှုဖြစ်ပါသည်။

“အခုလို မြန်မာနိုင်ငံမှာ စတင်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းပဲဂုဏ်ယူမိပါတယ်။ ဒီတစ်နှစ်ဟာ ကျွန်တော်တို့အတွက် စိန်ခါ်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို စိန်ခေါ်မှုများတဲ့ကာလအတွင်းမှာ ကျွန်တော်တို့ ပလက်ဖောင်းကို အသုံးပြုပြီး မိတ်ဖက်စားသောက်ဆိုင်တွေ ဆက်လက်လည်ပတ်နိုင်ဖို့ရယ်၊ riders တွေလည်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိနေဖို့ အတွက်ရယ် အားလုံးရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ကျွန်တော်တို့ အချိန်တိုအတွင်းမှာပဲ ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ချစ်ခင်ရတဲ့ စားသုံးသူတွေ၊ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ ဒီလုပ်ငန်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတဲ့ riders တွေ အားလုံးကိုအခုလို တစ်နှစ်ပတ်လုံး ကူညီပံ့ပိုးပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။” ဟု foodpanda Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူကိုဇေယျာမင်း က ပြောကြားသည်။

COVID-19 ဂယက်ကြောင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ကြပ်တည်းနေသည့် ကာလအတွင်း foodpandaသည် ၄င်း၏ ပလက်ဖောင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိထောင်ပေါင်းများစွာသော စားသောက်ဆိုင်များကို နည်းပညာအသုံးပြု၍ ပိုမိုရောင်းအားတက်စေရန် ကူညီပေးနိုင်ခဲ့ပြီး အသုံးပြုသူများထံသို့ အချိန်တိုအတွင်း နေအိမ်အရောက် ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် riders များအနေဖြင့်လည်း delivery ပို့ဆောင်ခြင်းကို မိမိတို့ အားလပ်သလို လုပ်ကိုင်နိုင်ပြီး တစ်ဖက်တစ်လမ်းမှ ၀င်ငွေရှာနိုင်ခဲ့ပါသည်။ foodpandaသည် rider ရော၊ မှာယူသူပါ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အထိအတွေ့မရှိသော အော်ဒါမှာယူမှုစသည့် လုပ်ဆောင်ချက်များကိုလည်း ရွေးချယ်အသုံးပြုနိုင်ရန် ထည့်သွင်းမိတ်ဆက်ခဲ့ပါသေးသည်။

“မြန်မာနိုင်ငံကို မဝင်ရောက်ခင်အချိန်ကစပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အာရှပစိဖိတ်တစ်ဝှမ်း မှာရရှိခဲ့တဲ့ အတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီး စားသုံးသူတွေနဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ပြည့်မီအောင် ဖန်တီးထားတဲ့ နည်းပညာပလက်ဖောင်းကနေတစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အဆင့်အမြင့်ဆုံး အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှု အတွေ့အကြုံတွေကို ပေးအပ်ချင်တာပါ။ ဒါကြောင့် အဖက်ဖက်က ပံ့ပိုးပေးခဲ့တဲ့သူတွေအားလုံးကို ကျွန်တော်တို့ တန်ဖိုးထားပြီးတော့ အစားအသောက်ကောင်းတွေနဲ့ ကုန်စုံပစ္စည်းတွေကို လွယ်လွယ်ကူကူ၊ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူလို့ရတဲ့ အားလုံးက ရွေးချယ်ကြတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုဖြစ်အောင် ဆက်လက်ကြိုးစား ထိန်းသိမ်းသွားပါမယ်လို့လည်း ကတိပြုချင်ပါတယ်။” ဟု ကိုဇေယျာမင်းက ဆက်လက် ပြောကြားသည်။

Foodpanda အား စတင်မိတ်ဆက်ပြီးမကြာမီအချိန်အတွင်း၌ အစားအသောက်ပို့ဆောင်ခြင်းအပြင် စျေးကွက်လိုအပ်ချက်အရ ၀န်ဆောင်မှုအသစ်များဖြစ်သည့် shops ကုန်စုံပို့ဆောင်ခြင်းကို ၂၀၂၀ ခုနှစ် ဧပြီလတွင်လည်းကောင်း၊ pick-up အစားအသောက်ကိုယ်တိုင်သွားယူစနစ် ၀န်ဆောင်မှုကို ၂၀၂၀ ခုနှစ် ဇွန်လတွင်လည်းကောင်း အက်ပလီကေးရှင်းသို့ ထည့်သွင်းမိတ်ဆက်ခဲ့သည်။ foodpanda ၏ shops ကုန်စုံပို့ဆောင်ခြင်း၀န်ဆောင်မှု၌ အသုံးပြုသူများသည် အစားအသောက်အပြင် နေ့စဉ်အသုံးအဆောင်ပစ္စည်းများဖြစ်သော ကုန်စုံများ၊ အလှကုန်များ၊ လျှပ်စစ်စ္စည်းများအစရှိသည်တို့ကိုပါ အော်ဒါမှာ ယူနိုင်ပြီးမှာယူသူများထံသို့ မိနစ် ၃၀ အတွင်း အရောက်ပို့ဆောင်ပေးနိုင်သော လျင်မြန်လွယ်ကူသည့် ၀န်ဆောင်မှုဖြစ်သည်။ pick-up ကိုယ်တိုင်ယူစနစ် ၀န်ဆောင်မှုသည် အသုံးပြုသူများမှ အစားအသောက်များကို foodpanda အက်ပလီကေးရှင်းမှတစ်ဆင့် ကြိုတင်အော်ဒါမှာယူ၍ မိမိသွားလိုရာ လမ်းကြောင်းတစ်လျှောက်ရှိဆိုင်တွင် စောင့်ဆိုင်းစရာမလိုတော့ဘဲ ချက်ချင်း၀င်ယူနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်သည်။

တစ်နှစ်တာကာလအတွင်း foodpanda သည် foodpanda ပလက်ဖောင်းပေါ်တွင် ရရှိနိုင်သော ၀န်ဆောင်မှုများနှင့် မြန်မာ့အစားအသောက်များကို မီးမောင်းထိုးပြနိုင်ရန်အတွက် မြန်မာ့စပါးအုံး အောင်လ အန်ဆန်အားလည်း ၄င်း၏ ပထမဆုံးသော သံတမန်အဖြစ်ခန့်အပ်ခဲ့သည်။ foodpanda သည် ထိပ်တန်း အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ စတင် မိတ်ဆက်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာရှတွင် foodpanda ၏ ဆယ်ခုမြောက်စျေးကွက် တစ်ခုဖြစ်သည်။ မီဒီယာမိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ နေပြည်တော်၊ ပဲခူး၊ တောင်ကြီးနှင့် မုံရွာစသည့်အဓိကမြို့ကြီး ၉ မြို့၌ လည်ပတ်လျှက်ရှိသောလူကြိုက်များသည့် အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုအဖြစ် ရပ်တည်နေသည်။

လက်ရှိတွင် foodpanda ၏ တစ်နှစ်ပြည့် မွေးနေ့အစီအစဉ် “Thank you Myanmar, foodpanda Myanmar turns 1” ကိုလည်း ကျင်းပမည်ဖြစ်သည်။ ထိုအစီအစဉ်တွင် မိတ်ဖက်စားသောက်ဆိုင်များနှင့် ပူးပေါင်း၍ လိုအပ်သည့်နေရာများသို့ လှူဒါန်းခြင်းကဲ့သို့ အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများ၊ တစ်နှစ်ပြည့်မွေးနေ့ကို စားသုံးသူတို့ ချစ်ခင်ရသောအနုပညာရှင်များနှင့် အတူတကွ ဆင်နွှဲနိုင်စေရန်အတွက် ပျော်ရွှင်စရာ ဖျော်ဖြေမှုများပါ၀င်မည့် အွန်လိုင်းမှ ထုတ်လွှင့်ပြသမည့်အစီအစဉ်များ ပါဝင်မည်ဖြစ် သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အောင်မြင်စွာရပ်တည်နိုင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် အသုံးပြုသူများအား ကျေးဇူးအထူးတင်သည့် ရည်ရွယ်ချက်ဖြင့် မိတ်ဖက်စားသောက်ဆိုင်များ၊ မိတ်ဖက်ကုန်အမှတ်တံဆိပ်များဖြစ်သော Gong Cha, O Cha, Pizza Hut, KFC, YKKO, Tealive, Yakun, Cha Thai, Krispy Kreme, Nilar, Kaung Kyaik, Kyat Shar Soon, Tea Land, Season Bakery, SP Bakery အပါအ၀င် အခြားစားသောက်ဆိုင် ၁၀၀၀ ကျော်တို့မှ များပြားလှစွာသော အထူးအစီအစဉ်နှင့် ၅၀% အထိ လျှော့စျေးအစီအစဉ်များ ပါဝင်မည့် foodpanda မြန်မာ၏ အကြီးမားဆုံးသော အွန်လိုင်း စျေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ပါသည်။

တစ်နှစ်တာအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့ကြသော စားသုံးသူများ၊ မိတ်ဖက် ပါတနာများနှင့် ပို့ဆောင်ပေးသူများကို ဂုဏ်ပြုသည့်အစီအစဉ်များကိုလည်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ foodpanda အနေဖြင့် ထောင်ပေါင်းများစွာသော ပြည်တွင်းစားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် မိတ်ဖက်ပူးပေါင်းကာ ဆက်လက်တိုးချဲ့လျက်ရှိပါသည်။ ဗိုက်ဆာနေသည့် အချိန်တိုင်း၊ ကုန်စုံပစ္စည်းများ လိုအပ်သည့်အချိန်တိုင်း အသုံးပြုသူများမှ မိမိနှစ်သက်ရာမည့်သည့် အစားအသောက်နှင့် ကုန်ပစ္စည်းကိုမဆို ပမာဏကန့်သတ်ချက်မရှိ အလျင်မြန်ဆုံးမှာယူနိုင်ရန်အတွက် foodpanda သည် အမျိုးမျိုးသော စားသောက်ဆိုင်များ၊ကုန်စုံဆိုင်များနှင့် ပူးပေါင်းကာ ပို့ဆောင်ပေးနေပါသည်။

အွန်လိုင်းမှ အဆင်ပြေချောမွေ့စွာ အစားအသောက်မှာယူခြင်း အတွေ့အကြုံများခံစားရယူရန်အတွက် foodpanda အက်ပလီကေးရှင်းအား app store နှင့် Google Play store တို့တွင် ဒေါင်းလုပ် ရယူနိုင်ပြီး www.foodpanda.com.mm တွင်လည်း တိုက်ရိုက်ဝင်ရောက် ရယူနိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး