အသေးစား၊ အလတ်စား လုပ်ငန်းပေါင်း ၁၅ဝ ကို ကျပ်သိန်း ၅ဝ,ဝဝဝ ထောက်ပံ့မည့်

အသေးစား၊ အလတ်စား လုပ်ငန်းပေါင်း ၁၅ဝ ကို ကျပ်သိန်း ၅ဝ,ဝဝဝ ထောက်ပံ့မည့်

တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောစီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် Responsible Business Fund (RBF)က အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ၁၅ဝ ကို ကျပ်သိန်းပေါင်း ၅ဝဝဝဝ ထောက်ပံ့ ပေးအပ်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

စီမံကိန်းအရ လုပ်ငန်းကဏ္ဍတစ်ခုကို ကျပ်သိန်း ၈ဝဝ အထိ အများဆုံးပေးအပ်သွားမည်ဖြစ်ကာ ချေးငွေမဟုတ်ဘဲအပြီးထောက်ပံပေးခြင်း ဖြစ်သည်ဟု RBF Myanmar မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်အတွင်း ပထမအဆင့် လျှောက်လွှာ Concept Note များကို RBFMyanmar မှ ခေါ်ယူသွားမည် ဖြစ်သည်။တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောစီးပွားရေး အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ပြီး စံနမူနာကောင်းများ ဖြစ်ပေါ်လာစေရန် လုပ်ငန်းပေါင်း ၁၅ဝ ခန့်ကို ကျပ်သိန်းပေါင်း ၅ဝဝဝဝထောက်ပံ့ပေးရန်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ပေးအပ်ရာတွင် စွမ်းအင်အလေအလွင့်များ လျော့ချခြင်း၊ရေသုံးစွဲမှု လျော့ချခြင်း၊ စွန့်ပစ်ပစ္စည်းနှင့်အညစ်အကြေးများကို ပြန်အသုံးချခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး၊ အစားအသောက် ဘေးအန္တရယ် ကင်းရှင်းရေး၊ စီမံအုပ်ချုပ်ရေးနှင့်ကြီးကြပ်ခြင်းဆိုင်ရာသင်တန်း၊ နည်းပညာနှင့် လက်တွေ့သင်တန်းများအပေါ်အခြေခံကာ ပေးအပ်ခြင်းဖြစ်ပြီးငွေကြေးထောက်ပံမှုမှာ အပြီးတိုင်ဖြစ် သည်ဟုထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ စီးပွားရေးဖွံဖြိုးမှုအားနည်းသည့် ပြည်နယ်များ ဖြစ်သည့်ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုလည်း သီးသန့်ဦးစားပေးထောက်ပံ့ရန် ပြင်ဆင်ထားသည်။လျှောက်ထားလိုသော ကုမ္ပဏီများအနေနှင့် မှတ်ပုံတင်ထားသောကုမ္ပဏီ၊ကျပ်သိန်း ၁ဝဝဝဝ အောက်၊ ဝန်ထမ်း ၆ဝဝ အောက်ရှိရမည်ဟု ဆိုပြီး နှစ်နှစ်တာ လုပ်ငန်းသက်တမ်း ရှိရမည်ဟုဖော်ပြထားသည်။

အဆိုပါ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကိုထောက်ပံပေးသည့် RBF သည် ဒိန်းမတ်နိုင်ငံမှထောက်ပံပေးထားခြင်းဖြစ်ပြီး ၂ဝ၁၇ခုနှစ်မှ စတင်ကာ လုပ်ငန်းပေါင်း၄၅၃ ခု၊ ကျပ်သန်းပေါင်း ၁၄၆,ဝဝဝ ကိုပေးအပ်ခဲ့ပြီး ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး