JTBC ကနေ ထုတ်လွှင့်ပြသမယ့် "Monster" လို့ ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်း ဖတ်ပွဲကတော့ ပြီးခဲ့တဲ့ရက်ကပဲပြီးဆုံးခဲ့ပါတယ်။
ဇာတ်ညွှန်းဖတ်ပွဲကို သရုပ်ဆောင်တွေဖြစ်ကြတဲ့ Yeo Jin Goo, Shin Ha Kyun, Choi Dae Hoon, Choi Sung Eun, Chun Ho Jin, Choi Jin Ho, Gil Hae Yeon နဲ့ အတူ ဇာတ်လမ်းရေးသားထားသူ Kim Soo Jin၊ ဒါရိုက်တာ Shim Na Yeon တို့ တက်ရောက်ခဲ့ကြပါတယ်။
"Monster" ဇာတ်လမ်းတွဲက ထိတ်လန့်ဖွယ်ရာစိတ္တဇဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။
Shin Ha Kyun နဲ့ Yeo Jin Goo တို့ ဒီဇာတ်ကားမှာ စုံထောက်တွေအဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်ဖို့ကြီုးစားနေတဲ့ စုံထောက်နှစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေက တွေ့မြင်ရမှာပါ။
"Monster" ဇာတ်လမ်းတွဲကိုတော့ JTBC ရုပ်သံလိုင်းကနေ နောက်နှစ်ဖေဖော်ဝါရီလမှာ စတင်ထုတ်လွှင့်ပြသ မှာဖြစ်ပါတယ်။
















