Hwang Bo က ကျန်းမာရေးနဲ့ပတ်သက်ပြီး သူမကိုယ်သူမဂရုစိုက်ဖြစ်တဲ့အကြောင်းတွေကို ထုတ်ဖော်ပြောပြခဲ့ ပါတယ်။
Hwang Bo က tvN ရုပ်သံလိုင်းရဲ့ "On & Off" အစီအစဉ်မှာပါဝင်တုန်းက သူမရဲ့နေ့စဉ်လုပ်ရှားမှု တွေကိုပြသရင်း ပြောပြခဲ့ပါတယ်။
သူမရဲ့တစ်နေ့တာကို စပိန်ဘာသာစကားလေ့လာခြင်း၊ ဘတ်စကတ်ဘော ကစားခြင်း၊ စကိတ်ဘုတ်စီးခြင်းနဲ့ သူမကြိုက်နှစ်သက်တဲ့အစားအစာတွေကိုစားသောက်ခြင်းတို့ဖြင့် ကုန်ဆုံးလေ့ ရှိပါတယ်။
သူမရဲ့ဖခင်ဟာ အရင်တုန်းကကျန်းကျန်းမာမာရှိပေမယ့် တစ်နေ့မှာရုတ်တရက်မူးလဲကျပြီး ခြောက်နှစ်လောက်နေမကောင်းဖြစ်ခဲ့ပါတယ်။
ဖခင်နေမကောင်းဖြစ်နေချိန်မှာ Hwang Bo တစ်ယောက် အပြင်လည်းမသွားနိုင် သူငယ်ချင်းတွေနဲ့လည်းမတွေ့နိုင်အောင် စိုးရိမ်ပူပန်ခဲ့ရပြီး သူမရဲ့ဖခင်ကတော့ ပြီးခဲ့တဲ့ ဧပြီလကပဲ ကွယ်လွန်ခဲ့ပါတယ်။
တစ်မိသားစုလုံးက ဖခင်ကြီးသေချာပေါက်နေပြန်ကောင်းလာမယ့်လို့ မျှော်လင့်ထားတာကြောင့် များစွာစိတ်မကောင်းဖြစ်ရပြီး သောကများခဲ့ရတယ်လို့ Hwang Bo က ဖွင့်ဟခဲ့ပါ တယ်။
ဖခင်ကွယ်လွန်ပြီးချိန်ကတည်းက ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ပြီးစိတ်ချမ်းသာအောင်နေဖို့ မိခင်ကိုလည်း တိုက်တွန်းခဲ့ပြီး သူမကိုယ်တိုင်လည်း အခုမလုပ်ရင်ဘယ်အချိန်မှလုပ်ဖြစ်ပါ့မလဲဆိုတဲ့စိတ်နဲ့ ကိုယ်ဖြစ်ချင်တာ တွေ အကောင်အထည်ဖော်ရင်း ဘဝကိုဖြတ်သန်းနေတယ်လို့ ပြောပြခဲ့ပါတယ်။
















