စစ်မှုထမ်းတာဝန်ပြီးဆုံးသွားတဲ့ Xiumin

စစ်မှုထမ်းတာဝန်ပြီးဆုံးသွားတဲ့ Xiumin

EXO အဖွဲ့ဝင် Xiumin ကတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။

ဒီအကြောင်းကို Xiumin က လူမှုကွန်ယက်မီဒီယာကနေတစ်ဆင့် သူ့ရဲ့လက်ရေးမူနဲ့အတူပရိသတ်တွေကိုအသိပေးခဲ့တာပါ။

စာထဲမှာ ပရိသတ်တွေအားလုံးနေကောင်းကျန်းမာကြရဲ့လားလို့ မေးမြန်းထားပြီး သူ့ကိုစောင့်ပေးနေကြတဲ့အတွက် ကျေးဇူးအများကြီးတင်ကြောင်းနဲ့ ခက်ခဲတဲ့အချိန်တွေကိုကျော်ဖြတ်လာခဲ့ပြီးပြီမို့ ပျော်ရွှင်စရာကောင်းတဲ့အချိန် စတင်ရောက်ရှိလာပြီဖြစ်ကြောင်း ရေးသားထားပါတယ်။

Xiumin ဟာ ၂၀၁၉ ခုနှစ်မေလမှာ စတင်စစ်မှုထမ်းခဲ့ ပြီး COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ စစ်မှုထမ်းပြီးရင်တပ်ရင်းကိုပြန်စရာမလိုပဲ နေအိမ်ကိုတန်းပြန်ခွင့် ရရှိခဲ့ပါတယ်။

EXO အဖွဲ့ရဲ့အသက်အကြီးဆုံးအဖွဲ့ဝင် Xiumin ဟာ အဖွဲ့ထဲမှာ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားတဲ့ ပထမဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။

D.O. ကတော့ ဇူလိုင်လမှာစစ်မှုထမ်းဖို့စာရင်းပေးသွင်းခဲ့ပြီး နောက်နှစ် ဇန်နဝါရီ လထဲမှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာပါ။ Suho က မေလမှာစစ်မှုထမ်းမှာဖြစ်ပြီး Chen ကတော့ အောက်တိုဘာ လမှာ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး