အသက် ၃၉ နှစ်အရွယ် အဆိုတော် Kelly Rowland ကတော့ ဒုတိယမြောက်ကိုယ်ဝန်ကိုလွယ်ထားရပြီး ပထမ ကိုယ်ဝန်ဆောင်တုန်းကထက် ပိုပြီးပင်ပန်းတယ်လို့ အင်တာဗျူးတစ်ခုမှာဖွင့်ဟခဲ့ပါတယ်။
ဗိုက်ထဲက ကလေးက ကြီးထွားလာတာနဲ့အမျှပိုပင်ပန်းရပြီး လှေကားတက်တာတောင် မာရသွန်ပြေးနေရသလိုခံစားရတယ်လို့ Kelly က ပြောပြခဲ့ပါတယ်။
ပထမရင်သွေးလေးဖြစ်တဲ့ Titan ကို ကိုယ်ဝန်ဆောင်ထားရစဉ်တုန်းကနဲ့ အတော်လေးကို ကွာခြားသွားတယ်လို့လည်း သူမကဆက်လက်ပြောခဲ့ပါတယ်။
ဒုတိယမြောက်ရင်သွေးလေးအတွက် စိတ်လှုပ် ရှားနေသလို နောက်တစ်ကြိမ်မိခင်ထပ်မံဖြစ်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်လို့လည်းဆိုပါတယ်။
သူမကိုယ်ဝန် ဆောင်နေရတာဟာ ကိုဗစ်ကာလမှာဖြစ်နေတဲ့အတွက် ခင်ပွန်းဖြစ်သူ Tim Weatherspoon ကလည်း စိုးရိမ်နေ တာဖြစ်ပါတယ်။
ဆေးရုံမှာလည်းလူတွေများပြားနေတဲ့အတွက် သူမရဲ့ အသက်ခြောက်နှစ်အရွယ်သားဖြစ်သူ Titan ကို ဆေးရုံသွားတဲ့အခါလိုက်နာရမယ့် COVID-19 စည်းမျဉ်းတွေကိုလည်း ကြိုတင်ပြောပြထားတယ်လို့ သိရပါတယ်။
အခုအချိန်မှာတစ်မိသားစုလုံးရဲ့ကျန်းမာရေးကိုဂရုစိုက်နေရပြီး Titan ကို မွေးခဲ့တုန်းကလိုမျိုး အခက်အခဲမရှိပဲဒုတိယရင်သွေးလေးကိုမွေးဖွားကာ ဆေးရုံကနေအိမ်ကိုအမြန်ပြန်ချင်တယ်လို့ Kelly က ပြောခဲ့ ပါတယ်။
















