အမည်ပျက်စာရင်းကြေညာခြင်းခံခဲ့ရသော ကုမ္ပဏီများအား ကာကွယ်ပေးရန် တရုတ် ဆောင်ရွက်မည်

အမည်ပျက်စာရင်းကြေညာခြင်းခံခဲ့ရသော ကုမ္ပဏီများအား ကာကွယ်ပေးရန် တရုတ် ဆောင်ရွက်မည်

အမေရိကန်ပြည်ထောင်စုမှ အမည်ပျက်စာရင်း ကြေညာခဲ့သော တရုတ်ကုမ္ပဏီများအား အကာအကွယ်ပေးနိုင်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီချန်းက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြား ခဲ့သည်။

တရုတ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ထားသော သံန္နိဋ္ဌာန်များနှင့် စည်းမျဉ်းများကို အပြည့်အ၀ လိုက်နာဆောင်ရွက်သည့် နိုင် ငံဖြစ်ခြင်းကြောင့် တစ်ဖက်သတ်ဆုံးဖြတ်ပြီး ပိတ်ဆို့အရေးယူနေမှုများကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ကျောက်လီချန်းက ပြောကြားခဲ့သည်။

အမေရိကန်သည် တရုတ်နိုင်ငံတွင် အခြေစိုက်ထားသော ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်း ကြေညာကြောင်းနှင့် တရုတ် နိုင်ငံသည် မြောက်ကိုရီးယားသို့ ကျောက်မီးသွေး သင်္ဘောလေးစင်း တရား မဝင် ရောင်းချခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် တရုတ်နိုင်ငံ၏ လက်ရှိအာဏာရပါတီ လွှတ် တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များအပေါ်တွင် ငွေကြေးအရ ပိတ်ဆို့အရေး ယူမှု၊ ပြည်ဝင်ခွင့်နှင့် ပိုင်ဆိုင်မှုများ ပိတ်သိမ်းခြင်းစသည့် အရေးယူမှုများကို ထပ်မံ လုပ်ဆောင်သွားဖွယ်ရှိကြောင်း သတင်းရင်းမြစ်နှစ်ခုက ဖော်ပြခဲ့ကြ သည်။